9

1.1K 133 31
                                    

ညရောက်ပြီဆိုတာမဲ့ ဝင်လာတဲ့ မက်ဆေ့တွေကို စစ်လို့ စာပြန်ရတာ ချန်ယောရဲ့တစ်နေ့တာတာဝန်တွေထဲ တိုးလာပါတယ်။ ဗြောင်ဘတ်ခ်ဟျွန်းက နေ့တင်မက ညအချိန်တွေပါ ဖဲ့ယူလာတယ်။

နို့နံ့မစင်သေးတဲ့ သောက်ကလေးတစ်ကောင်ဆီက ဒီဖုန်းနံပါတ်​လေးရဖို့ လူကြီးတန်မဲ့ ဉာဏ်နီဉာဏ်နက်တွေထုတ်ခဲ့ရတာ။
သောက်ကလေး စတောင်းလာမှာကို စောင့်နေရင် ဒီတစ်သက် ဖုန်းနံပါတ်ရတော့မယ်မထင်။ အဲလိုသာဆို သူပဲပင်ပန်းရမှာ။ ပေါ်မလာတဲ့ရက်ဆို အလုပ်လုပ်ရ ခရီးမတွင်ဘဲနေမှာ။ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ သွားချောင်းရဦးမှာ။ ဆိုတော့ သူ့မှာ ဖုန်းကို စင်ပေါ်က စာအုပ်တွေကြားထိုးထည့်ပြီး ..

''ဖုန်း ဘယ်နားထားမိလဲမသိဘူး။ သောက်ကလေး တစ်callလောက် ခေါ်ကြည့်ပေးစမ်း''

ကုတင်ထက် မွေ့ယာက ပူလို့ဆိုကာ ကြမ်းပြင်ထက် ဆင်းထိုင်ပြီး ဒူးထောင်ပေါင်ကားနဲ့ ဂိမ်းဆော့နေတဲ့ သောက်ကလေးက သူ့ကို မော့ကြည့်လာတယ်။ ဒီသောက်ကလေး စွဲစွဲလန်းလန်း ဆော့တဲ့ ဂိမ်းတစ်မျိုးရှိတယ်။ Super Mario။ ဒင်းပြေးသလို တောက်တက်တောက်တက် ပြေးတဲ့ ဦးထုပ်အနီဆောင်း နှုတ်ခမ်းမွေးနဲ့ကောင်ပါတဲ့ဂိမ်း။

၁၈နှစ်ပြည့်ခါနီးကောင်လေးတွေထဲ ကလေးကလားဂိမ်း Super Marioကို အရူးအမူးဆော့တာ ဒင်းပဲရှိမယ်။ ဘယ်လောက်ထိ စွဲလန်းလဲဆို တစ်ခါတလေ ဒင်းစရောက်လာတဲ့ အချိန်ကစ ပြန်ခါနီးထိ အဲဂိမ်းနဲ့အချိန်ကုန်တတ်သေး။

သူကတော့ အဲ့ထဲကအကောင်ကို အသေမုန်း။ ရုပ်ကလည်းဆိုးသေး၊ပြီး သောက်ကလေးဖုန်းထဲ အဲ့ကောင် ပတ်ပြေးနေပြီဆို သောက်ကလေးက ငြိမ်ချက်သားကောင်းသွားတော့ ပကျိပကျိအသံတွေ မကြားရ​၊ မကြားရတော့ သူ့မှာ ခွီစရာမရှိ စိတ်အပန်းဖြေစရာမရှိ။

''ဟော.. ခေါ်ကြည့်ပေးပါဆို အဲဂိမ်းပဲဆော့နေ''

''အင်းပါ.. ချန်ယောရဲ့ ​ဒီမှာ မှိုလေးစားနေလို့ပါ။ ကဲ.. ဖုန်းပျောက်တာမလား ရှာကူပေးမယ်''

ကျစ်...
ကူရှာပေးစရာမလိုဘူးဟ ဖုန်းခေါ်ပေးဖို့ပဲ လိုတာ

''မင်း ဖုန်းနဲ့ခေါ်ကြည့်လိုက်တော့ ပိုမြန်တာပေါ့ကွ''

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Wo Geschichten leben. Entdecke jetzt