အိုလီဗာ၏ အတွေ့အကြုံ (အိုလီဗာ၏ အေတြ႕အႀကဳံ)

718 63 41
                                    

''အောက်ဘက် တပြင်လုံးကို ကားပါကင် လုပ်ချင်တာပါ''

''....''

''ပတ်ချန်ယောရှီ''

''ဗျာ... ဘာပြောလိုက်တာလဲ မသိဘူး။ ဆောရီးပါ''

Client ကိုလည်း အားနာမိပါရဲ့၊ လူကသာ အလုပ်စားပွဲမှာ ထိုင်နေရတာ၊ စိတ်က အခန်းတွင်းက ပေါက််တက်ကရလေးဆီမယ်။

''အောက်ဘက်ကို ကားပါကင်-''

'အော့အော်'

ဗြုန်းဆို ထရပ်မိတော့ client မှာ လန့်သွားပုံရတယ်။

''ဘာ ဘာဖြစ်လို့လဲ။ ကျွန်တော် ဘာမှားသွားလို့လဲ ခင်ဗျ''

ဒီမှာက ကိုယ့်အကြောင်းနဲ့ကို။

'အော့အော်'

ဒုတိယမြောက် အော့အော်မှာတော့ ဘယ်လိုမှ မနေနိုင်တော့ဘဲ ...

''ခဏလောက် ခွင့်ပြုပါဦးခင်ဗျာ''

ခွင့်တောင်းကာ အခန်းတွင်းမှ ဆင့်ခေါ်နေသူ သောက်ကလေးဆီ တန်းနေအောင် ပြေးရတယ်။

''ကျစ်''

အခန်းထဲရောက်ရောက်ချင်း စုတ်သပ်မိတော့ ကုတင်ထက်ကနေ အခေါ်တော်ပြု ဖုန်းလေးကိုင်ထားတဲ့ သောက်ကလေးက တောင်းပန်သလို မျက်နှာငယ်လေးနဲ့။

''စောင်ဆိုတာ ဖင်ခုထိုင်ဖို့မဟုတ်ဘူး ဗြောင်ဘတ်ခ်ဟျွန်း!!''

''အင်းပါ ချန်ယောရဲ့၊ စောနက ခြုံထားတာ။ နိုးလာမှ ဖယ်လိုက်တာပါ။ စိတ်လျှော့ပါနော် ချန်ယော သွေးတွေတိုး-''

''လိမ်မှ မလိမ်မာတာ။ မလိမ်မာမှတော့ ငါလည်း သွေးတွေ ဆောင့်တိုးပြီး သေမှာပဲ''

''ချန်ယောကလည်း ပေါက်တက်ကရ...ဖွဟဲ့''

ဖွဟဲ့နဲ့ မပြီးသေးဘူး ခေါင်းကို ငုံ့ကာ အင်္ကျီလည်ပင်းပေါက်ကို ဟနေပြီမို့ အမြန်ပြေးဆွဲရတယ်။ လူကိုများ ပေါက်တက်ကရတဲ့။ တကယ့် ပေါက်တက်ကရလေးက ဘယ်သူလဲ။ ဘယ်ကရလာမှန်းမသိသော ယတြာချေနည်းဖြစ်တဲ့ ဖီဖပ်ဆိုပြီး အင်္ကျီထဲ တံတွေးစတွေ ပစ်ထည့်တော့မှာ။ မလုပ်ဘူးမထင်နဲ့ ပေါက်တက်ကရသာဆို သောက်ကလေးက အကုန်လုပ််ပြီးသား။

''ညစ်ပတ်အိုးရာ... ရေလည်းချိုးမရပဲကို''

ဖမ်းယူ ဆုပ်ကိုင်ထားမိတဲ့ လက်ဖျားလေးက ခပ်နွေးနွေး။ မျက်နှာလေးကလည်း ခပ်နွမ်းနွမ်း။ အဖျားရှိနေသေးတော့ အခုမှ အိပ်ယာထတာဆိုပေမဲ့ အိပ်ရေးမဝသလို၊ အားမရှိသလို မျက်ကြောတွေက စင်းလို့။

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now