''ချန်ယော.. ဖွားဝင်ခဲ့မယ်နော်''
''ဟုတ်''
ဖွားဖွားက ကုတင်ထက်က အထုပ်ကို အကြည့်ပို့တယ်။ ပိတ်ရက်နှစ်ရက်စာအတွက်ပဲမလို့ အထုပ်က သိပ်မကြီးလှ။
''ဒီရက်ပိုင်း ခရီးသွားတာ စိပ်နေသလားလို့''
''ဟုတ်တယ် ဖွား။ အစည်းအဝေးက အပတ်တိုင်းတက်ရတာကြောင့်''
သူ့စကားဆုံးတော့ ဖွားဖွားက ရယ်တယ်။ ဆေးမကူတဲ့ ဖွားဖွားဆံပင်တွေက တခေါင်းလုံးဖွေးဖွေးလှုပ်လို့။
''ဖွားရဲ့ မြေးသမက်လေးကိုပဲ ညာလို့ရမယ် ချန်ယောရဲ့''
သုံးသွားတဲ့ အသုံးအနှုန်းကြောင့် ပြာသွားမိတာ။
''ဟာ.. ဖွား''
''အင်း ပြောပါဦး.. ဘတ်ခ်ဟျွန်းနီးလေးရော နေကောင်းရဲ့လား''
''ဖွား သိနေတာကြာပြီလား''
''ဘယ်တစ်ခုကိုမေးတာလဲ''
''ကျွန်တော်တို့အကြောင်း''
''မသိဘဲ နေမလား ချန်ယောရယ်''
''ဖွား သဘောတူလား''
''ဖွားက ဘတ်ခ်ဟျွန်းနီးဘက်က နာတာပေါ့''
''ဟာ မယ်ရီကြီးကတော့ လုပ်ပြီ။ဒါနဲ့ ဘဲလ်တို့ရော..''
''ရိပ်မိကြမှာပေါ့''
ချက်ချင်းစိုးရိမ်သွားမိတာ သောက်ကလေးအတွက်။ ဘဲလ်တို့ဆူများနေကြမလား။
''ဘဲလ်တို့က ဘတ်ခ်ဟျွန်းနီးကို စိတ်ဆင်းရဲအောင်လုပ်မဲ့သူတွေ မဟုတ်ပါဘူး။ သားရဲ့အမေနဲ့အဖေအတွက်ရော စဥ်းစားပြီးပြီလား''
''ကျွန်တော့်ကို သူတို့ဘယ်တုန်းကနိုင်ဖူးလို့လဲ။ ပြီးတော့ သူတို့တောင် လက်လျှော့ထားတဲ့ကျွန်တော် ပုံမှန်ပြန်နေနိုင်လာတာ ဘတ်ခ်ဟျွန်းကြောင့်ပါ။ သူတို့ကောင်းသည်ဆိုးသည်ဝင်မပါရဲပါဘူး ဖွားဖွား''
ခရီးသွားရမှာဆို စောစောအိပ်လို့ပြောရင်း မယ်ရီကြီးပြန်သွားတယ်။ လူကြီးတွေလည်း သိနေကြပြီဆိုတော့ တစ်ပူတော့လျော့သွားပါတယ်။ မနက်ဖြန် တွေ့ရမှာကို ကြိုတွေးမိတော့ လူက အပြုံးတွေသိမ်းမရ။