8

962 122 19
                                    

ချွဲဒန်ဘီ .. မိုးစက်မိုးပေါက်ကလေးများလို့ အဓိပ္ပါယ်ဆောင်ပါတဲ့ အမည်နာမနဲ့ မိန်းကလေး။

''တကယ်ဆို နင့်နာမည်က နှင်းနဲ့ဆိုင်တဲ့ တစ်ခုခုဖြစ်ရမှာ''

''ဘာလို့လဲ ချန်ယောရဲ့''

''နှင်းပွင့်လေးတွေနဲ့တူလို့''

စိတ်ထားဖြူဖြူနဲ့ ဒန်ဘီက လူလေးကလည်း ဖြူဖြူသေးသေးနဲ့ နှင်းဖွေးဖွေးလေးလို။ မြင်လိုက်တိုင်း ရင်ထဲအေးချမ်းသွားအောင် ပြုံးပြတတ်သေး။ ပတ်ချန်ယောကမ္ဘာထဲမှာ ထာဝစဥ် တဖွဲဖွဲ ကျစေချင်တဲ့ နှင်းပွင့်ကလေး။

''ပြီးတော့ ငါက နှင်းတွေကို ချစ်လို့လေ''

ဒန်ဘီ့ပါးလေးတွေ ရဲဆွေးလို့သွားတယ်။ မျက်စောင်းထိုးပေမဲ့ နှုတ်ခမ်းပါးမှာ ဆင်ထားတဲ့ မူပိုင်အပြုံးလေးက ရင်အေးစရာ။

နှစ်လကြာတော့ သူ အဖြေပြန်ခဲ့ရခဲ့တယ်။ နောက်ရက်နောက်ရက်တွေမှာ Universityတခွင် ပျံ့နေတဲ့ သတင်းကတော့ ကျောင်းရဲ့ ဇိုးကလေး လိမ္မာသွားပြီ ရန်မဖြစ်တော့ဘူး ကျောင်းလည်းမပြေးတော့ဘူးတဲ့။ အရင်ကတော့ ချန်ယောဆိုတာ ထစ်ခနဲရှိလက်ကပါလိုက်ပြီးသား ကျောင်းတွင်းကျောင်းပြင် ရန်​ငြှိုးရန်စကလည်းပေါပါဘိ။

ရန်ဖြစ်လာတိုင်း သူ့မျက်နှာပေါ်က အညိုအမဲတွေကို ဖွဖွလေးထိလို့ မျက်ရည်လေးတွေရစ်ဝိုင်းကာ ဒန်ဘီဆိုတတ်တဲ့ စကားက -

'ရန်မဖြစ်ပါနဲ့လား ချန်ယောရယ်၊ နင် ဒဏ်ရာရတော့ ငါသိပ်ဝမ်းနည်းတာပဲ'

ဒီစကားနဲ့ ဇိုးကောင်သူ့ကိုအရည်ဖျော်တယ်။ မျက်ရည်လေးဝိုင်းလာတာများ မြင်လိုက်ရရင် သူဆိုတဲ့ချန်ယောကလည်း ထွန့်ထွန့်လူး။ ရန်ပွဲတွေလည်း မပါတော့ဘူး။ အတတ်နိုင်ဆုံး ရှောင်ပေမဲ့ မကျေနိုင်တဲ့အငြှိုးတွေပိုက်လို့ သူ့ဆီ တည့်တည့်ရောက်လာပြန်ရင်လည်း ဒန်ဘီ့အနားမသွားဖို့ ကြိုးစားရတာ အညိုအမဲပျောက်သည်ထိ အနည်းဆုံး တစ်ပတ်။ ဒန်ဘီ့ကို သူ့ကြောင့် ဝမ်းမနည်းစေချင်။

အချစ်ရှိတဲ့နေ့တိုင်းဟာ ပျော်စရာ။ ဒန်ဘီက တစ်ခါတလေ မေးလာတတ်တယ်

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now