15

1.1K 124 24
                                    

ပြောင်းဖူးတွေဆွတ်ရင်လည်း လွမ်း၊ အာလူးတွေ တူးရင် လွမ်းနဲ့ မြင်မြင်သမျှဟာ အမှတ်တရတွေပါပဲ။ ငှက်ကလေးတွေလို တောင်ပံတခတ်ခတ်နဲ့ ပျံသန်းသွားလို့ရရင် ဘယ်လောက်ကောင်းမလဲ။ တိုက်ခန်းပြတင်းတံခါးကို နှုတ်သီးနဲ့ တဒေါက်ဒေါက်ခေါက်ပြီး နှောင့်ယှက်နေမိဦးမှာ အသေအချာ။ 

ဆိုဖီယာတို့ အစေ့အဆန်သန်သန်နဲ့ လှလှပပဝေဆာလို့နေတော့ နေကြာခင်းထဲမှာ လမ်းလျှောက်ရင်း တမ်းတမ်းတတဖြစ်လာတယ်။

ဆိုဖီယာ့ကိုဆို အမြဲတိုက်ခိုက်ချင်နေတဲ့ တစ်စုံတစ်ယောက်ရေ..

ဘေဘေးလေ ခင်ဗျားကို သိပ်လွမ်းပါတယ်။

စိတ်ပါမှ ရယ်တတ်ငိုတတ်တဲ့သူမလို့ အပြုံးတုတွေတော့ မဆင်မြန်းနိုင်ခဲ့ပေမဲ့ လိမ္မာပေးပါတယ်။ ချန်​ယောကို ဘယ်လောက်လွမ်းလွမ်း ဘဲလ်တို့ကို စိတ်ပူအောင် ထပ်မလုပ်ချင်တော့ပါဘူး။ သူ့မျက်နှာတကြည့်ကြည့်နဲ့ ဦးလေးတွေကို သူ့ကြောင့် စိတ်မညစ်စေချင်ဘူး။

ချန်ယောရေ ဘဲလ်ကတော့လေ သနားဖို့လည်းကောင်း၊ ရယ်စရာလည်းကောင်းတယ်သိလား။ ဘေဘေးကိုဆို သိပ်အူတိုတတ်တဲ့ခေါင်းလောင်းကြီးမှာ ရည်းစားပူမိနေတဲ့ သူ့တူကို မကြည့်ရက်တော့သလို မိတ်ဆွေတွေရဲ့ သမီးပျိုတွေ တစ်ယောက်ပြီးတစ်​ယောက်နဲ့ ဇွတ်တွေမိတ်ဆက်ပေးနေတာနဲ့တင် မအားလပ်ရှာဘူး။

သူ့အကြောင်းဆို အားလုံးသိပါတဲ့ ဘဲလ်က သူ့နှလုံးသားက ချန်ယောနဲ့မှ ခုန်ကြောင်းကိုတော့ မသိချင်ယောင်ဆောင်နေပြန်ပါပြီ။

''ဘတ်ခ်ဟျွန်းနီး သူ့ကို မကြိုက်ပါဘူး ဘဲလ်ရယ်''

ဘဲလ်ရဲ့ မျက်နှာကြီး ရွှင်လန်းသွားတယ်။ ဓာတ်ပုံထုတ်ပြပြီး ရေပက်မဝင်အောင်ပြောလို့ အားထုတ်နေတာတွေမေ့ပြီး ပြုံးဖြီးသွားတော့ သူ့မှာကြိတ်ရယ်ရတယ်။ မိတ်ဆက်ပေးနေတာလည်း ဘဲလ်၊ တကယ်ကြိုက်သွားမှာစိုးတာလည်း ဘဲလ်။ သူများသမီးပျိုကို အားနာရကောင်းမှန်းလည်းမသိ။

(ဘဲလ် အူမတိုတာ ချန်ယောပဲရှိတာမလို့ ဂုဏ်ယူလိုက်ပါနော်)

'ဂျက်ကီချန်း၊ ဝီစမစ်၊ ဘရက်ပစ်၊ တွမ်ခရု'

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now