5

1.2K 157 37
                                    

ဒီနေ့ မိုးများရွာမလား လေများတိုက်မလား။ သာလိကာတစ်ကောင် တိတ်​နေတာ ထူးထူးခြားခြား။ကုတင်ပေါ် ပက်လက်ကလေးလှန်လိုက် မျက်နှာကျက်ကို တွေတွေလေးငေးလိုက်၊ သက်ပြင်းတွေချနေတာလည်း ကြာရင် သူပါ လွင့်ပါသွားတော့မတတ်။

''ဘာဖြစ်နေရတာလဲ အဲဒါက''

''ရင်မောလို့ပါ ချန်ယောရယ်''

အလုပ်စားပွဲက ထလို့ သောက်ကလေးရဲ့ နဖူးကိုစမ်းကာ မျက်နှာအရောင်ကိုအကဲခတ်မိတယ်။ ပုံမှန်ပါပဲ။ကိုယ်လည်းမပူပါဘူး။ နှလုံးသွေးကြောကျဥ်းတာဘာညာများရှိသေးလား။ သောက်ကလေးက အိပ်ရာထက်ကနေ ပြုံးပြုံးကြီးဖြစ်လာတော့မှ ဘာလုပ်မိလိုက်လဲ သူ့ကိုသူပြန်သတိထားမိတယ်။ ပါးစပ်ကမေးလည်းရပါရဲ့ ဇိုးဇိုးဇတ်ဇတ်ထလုပ်မိတာ ဒီသောက်ကလေးဆီက အကျင့်တွေကူးလာလို့ဖြစ်မယ်။

အသိကပ်တော့ နောက်ကျသွားပြီ။ဒင်းအပြုံးက ရိုးရိုးအပြုံးမဟုတ်။ ကြာလာတော့ ဒင်းမျက်နှာရိပ်မျက်နှာကဲကို ဖမ်းတတ်လာတာကြောင့် ဒီပြုံးဖြီးဖြီးရုပ်ကြီးက 'ဘေဘေးကို သိပ်စိတ်ပူနေတာ သိပါတယ်နော်'ဆိုတဲ့ရုပ်။တစ်ယောက်တည်း ပုံဖော်ရိုက်နေတဲ့ အချစ်ဇာတ်လမ်းထဲ သူ့ကို အားအားနေတိုင်း ဆွဲသွင်းချင်နေတဲ့ ကောင်ကိုမှ သူကလည်း မနေတတ်မထိုင်တတ် သွားပူပန်လိုက်မိတာ။

လက်ကို ပြန်ရုတ်မယ်ပြင်တော့ နဖူးထက်က သူ့လက်ပေါ် ဒင်းလက်ကပါ ထပ်လာတယ်။ သူ့လက်ဖမိုးထက် အိအိကလေး နစ်ဝင်သွားတဲ့ လက်ဖဝါးကလေး။ အမြင်မှာတင် လှရုံမက အသားအရေလေးကလည်း နူးညံ့သား။ လက်ချောင်းတို့ရဲ့ သွယ်လျမှုနဲ့အတူ အမြဲသတိပြုမိတဲ့ ဘယ်ဘက်လက်မထက်က မှဲ့နက်ကလေးဟာလည်း ထိတွေ့ချင်စရာ။

''စတီဗင်က ခုဆို လာလာမတွေ့တော့ဘူး''

ရုပ်က လွမ်းသလိုလို ဆွေးသလိုလို။ သူ့လက်ကိုကျ ပြန်အရုတ်မခံဘဲ တခြားတစ်ယောက်ကို ဆွေးပြနေတော့ ဖောက်ပြန်ခံလိုက်ရသလိုပဲ သူ့မှာ အံတကြိတ်ကြိတ်။ လက်ကို ဆွဲရုတ်လို့ နဖူးကို တောက်ချပစ်မိတယ်။သူ့လက်ဆသူသိတယ်။ ရဲတက်လာတဲ့ နဖူးက အတိုင်းအတာတစ်ခုထိ နာမှာကို ဒီကလေးက ရယ်လို့နေတာပဲ။ သူ့ကိုဆို ဘယ်လိုဘယ်ပုံနဲ့မှ စိတ်မဆိုးတတ်တာများ။

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now