14

1K 129 14
                                    

တစ်ရက်တစ်ရက် ရှင်သန်ဖို့ ခက်ခဲတဲ့နေ့ရက်တွေ တကျော့ပြန်လာတယ်။

သူ့အတွက် အသက်ပေးသွားတဲ့ အချစ်ဦးရယ်၊ သူ့အပေါ်ဆို အရာရာအရှုံးပေးထားတဲ့ လက်ရှိ ချစ်ရသူရယ်။ နှစ်ဦးက သွေးသားအရင်းအချာဖြစ်နေကြောင်း သိလိုက်ရတော့ သွေးပျက်မတတ်။ သူ့အကြောင်း လူတွေသိရင် ''မင်း သိပ်ကံကောင်းတဲ့ကောင်ကွ'' လို့ အားကျကြမလား။ ''သနားပါတယ်ကွာ''လို့ နှစ်သိမ့်ကြမလား။ သိချင်စမ်းပါဘိ။

အချစ်ခံရတဲ့ဘဝဟာ ဘာများပျော်စရာကောင်းသလဲ။ ဘာများမက်မောစရာကောင်းလို့လဲ။ ဟားတိုက်ပြီးကိုရယ်မောပစ်ချင်တယ်။ ဖြစ်ခဲ့သမျှအတွက် သူ ပျော်မှမနေတာ။ ငါကွဆိုပြီး လက်ခမောင်းခတ်နေနိုင်လို့လား။

အရက်ကို အမူးသောက်ပြီး ဒန်ဘီ့ကို မေ့မယ်၊ ဗြောင်ဘတ်ခ်ဟျွန်းက ဒန်ဘီ့မောင်ဖြစ်နေကြောင်း မေ့မယ်၊ လိမ်ညာဖုံးကွယ်ခံထားရတာကို မေ့မယ်။

''ဘေဘေးလည်း ဒန်ဘီ့ကိုတောင်းပန်ပါတယ် ''

''ဒန်ဘီနဲ့ ဘေဘေး ရုပ်ချင်းဆင်တယ်မလား''

''ဒန်ဘီလို့ သဘောထားချင်ရင်လည်းရပါတယ်''

''ဒန်ဘီ့လောက် မချစ်ပေးရင်လည်း ရပါတယ်''

တစ်ခွက်​မော့တိုင်း တစ်ခွန်းပြန်ကြားယောင်လာတော့ ရူးချင်လာတယ်။ ဖုံးကွယ်လို့ အရူးလုပ်ရကောင်းလားလို့ စိတ်နာချင်တဲ့ တစ်ဖက်မှာ ရင်ထဲဲမချိဖြစ်လာရတာ။

ဗြောင်ဘတ်ခ်ဟျွန်းဟာ အစ်မကို သေစေခဲ့တဲ့သူကိုမှ အချစ်ကြီးချစ်မိပြီး အစ်မနေရာမှာ အစားထိုးခံပါ့မယ် ဒုတိယလူဖြစ်နေရလည်း ကျေနပ်ပါတယ်တဲ့။ သိသိရက်နဲ့ ဆိုခဲ့တာမှန်းသိလိုက်ရတော့ သူ့ကို ဘယ်လောက်တောင် ချစ်နေခဲ့လို့လဲဆိုတဲ့ အတွေးကြောင့် စိတ်ဟာဖြေမဆည်နိုင်။ သူဟာဖြင့် ဒင်းလေးအပေါ် ချစ်တယ်စကားတောင် ဆိုနိုင်ခဲ့တဲ့ကောင်မဟုတ်။

ယမကာနဲ့ကုစားနေပေမဲ့ တကယ်တော့ ရင်ထဲက တဆစ်ဆစ်ဖြစ်နေတဲ့ဝေဒနါက ကုရာနတ္ထိဆေးမရှိ။

''သောက်ကလေးပြောသလို ဒန်ဘီ့မောင်ဖြစ်နေလို့များ ဒန်ဘီ့နေရာ အစားထိုးခဲ့မိတာလား။ ဘတ်ခ်ဟျွန်းကို ဒန်ဘီလို့များ မြင်နေခဲ့သလား။ငါ တကယ်ရောချစ်ခဲ့ရဲ့လား''

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now