7

1K 124 20
                                    

မျက်နှာကို အရိုက်ခံလိုက်ရပြီး နိုးလာရတဲ့ မနက်။ တကယ်ဆို မကြည်မလင်ဖြစ်သွားရမဲ့နိုးထမှုမှာ သဘောတကျ ပြုံးနေမိတာ။ စိတ်ရဲ့စေခိုင်းရာအတိုင်း အလိုလိုက်မိတော့ မျက်နှာပေါ်က လက်ကို ယူလို့ အသာနမ်းရှိုက်လျက်သား။ ကြည်နူးရတယ်မထင်နဲ့ နောက်ထပ်ရောက်လာတဲ့ လက်တစ်ဖက်က နှာနုရိုးတည့်တည့် ရောက်ချလာတဲ့အခါ လူမှာ တော်တော်လေး အီစလံဝေသွားရတယ်။

သူ့ကုတင်ထက် ပြန်မသွားတော့ဘဲ ဗြောင်ဘတ်ခ်ဟျွန်းနား ကပ်ကပ်သပ်သပ် ဝင်လှဲမိပါတယ် ညကတည်းက ရှောင်လင်သိုင်းကွက်တွေ ထုတ်သုံးလိုက်ရတာ။ သောက်ကလေးရဲ့ အိပ်မောကျနေတဲ့ မျက်နှာရှင်းရှင်းလေးကို ကြည့်နေချင်မိတော့ ဖတ်ခနဲရောက်ရောက်လာတဲ့ လက်ကိုရှောင်ရတယ် အရှိန်နဲ့ ပစ်ပစ်ခွလာတဲ့ ခြေထောက်ကိုဖယ်ရတယ်။နိုးနေရင်လည်း နည်းနည်းမှ ငြိမ်ငြိမ်မနေတတ်တဲ့ သာလိကာက လုံးလုံးလျားလျား အိပ်မောကျသွားရင်လည်း အဲ့လို အအိပ်ဆိုး​ပြန်တာ။

ဟော.. ဘာတွေဝါးတယ်မသိ ထဝါးနေပြန်ပြီ။ ပါးမို့တွေ လှုပ်စိလှုပ်စိနဲ့။ အသည်းယားလာတဲ့အခါ နှာခေါင်းကိုညှစ်မိတော့ နိုးသွားပုံရတယ်။ အိပ်မှုန်စုံမွှားနဲ့ မျက်လုံးကောင်းကောင်းမပွင့်တဲ့ သောက်ကလေးက သူ့ပါးကို အုပ်ကိုင်ပြီး လက်ခုပ်ထဲ ထည့်လို့ ညှစ်လာတယ်။

''မင်းက ဘာကောင်မလို့လဲ''

/အောင်မာ.. ဒီသောက်ကလေးကများ ငါ့ကို/

''ကိုယ့်နေရာကိုယ်သိ ဟေ့ကောင်''

​ဖြစ်ရလေ.. စိတ်ရှိတိုင်း ထုထောင်းလိုက်ရင် အိမ်ခန်းထောင့်က အာလူးပုံနဲ့အပြိုင် နဖူးမှာ အာလူးတွေထကုန်ဦးမယ်။

''ချန်ယော အော်ရင် ဘေဘေးက ဝမ်းနည်းပါတယ်ဆို။ ပြောထားသားနဲ့။ မင်းက ဘာကောင်မလို့လဲ.. ကိုယ့်နေရာကိုယ်သိဟေ့ကောင်တဲ့။ ဟေ့ကောင်တဲ့ ကြည့်ဦး ဘယ်လိုစကားကြီးလဲ အယုတ်တမာကြီး''

မနေ့ညက သူ့စကားတွေက အဲလောက်ထိ ရင့်လိုက်မိမှန်း သူ့ကိုသူတောင် သတိမထားမိခဲ့။ သောက်ကလေးက ပြောလည်း ပြော  အားတွေပါထည့်ပြီး ပါးကိုညှစ်လာတော့ ဝမ်းနည်းလို့စိတ်ဖြေနေတာမှန်းသိတာကြောင့် ဆက်ပြီးပဲ အညှစ်ခံနေရမလိုလို၊ မကြီးမငယ်နဲ့ ပါးတွေကို ဂျုံနယ်သလို အနယ်ခံနေရတာ လူကြားလို့်မှမကောင်းတော့  ဖယ်စမ်းကွာဆိုပြီးပဲ ပုတ်ထုတ်ရတော့မလိုလို။

မင်းလေးက ငါ့ရဲ့ဆေး  ( ♡ 𝙃𝙖𝙥𝙥𝙮 𝙋𝙞𝙡𝙡 ♡ )Where stories live. Discover now