Zawgyi
အပိုင်း (၉၇၇) – အဆင့်၁၁ အဂ္ဂိရတ်သခင်
"သူ ဒီအတိုင်းတကယ်ပဲ ကျွန်မတို့ကိုထားသွားတာလား" ဟန့်မြောင်ရွှမ်သည် ဝေးဝေးသွားသော သားရဲပျံကိုကြည့်ပြီး သူမမြင်ရသည် ကို မယုံနိုင်ဖြစ်နေသည်။
ဒီလူက သူတို့ကိုဒီနေရာခေါ်လာတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီအတိုင်းကြီးသွားလိုက်တာလဲ။
"အသားကျသွားမှာပါ" သတ်လတ်ပိုင်းအရွယ်လူကြီးက ပြောလေ သည်။
"အဂ္ဂိရတ်ပညာရှင်အသင်းက အမြဲတမ်းဒီလိုပဲ၊ ဒီကိုလာတဲ့လူတွေက တစ်ခါမှပြန်မလာခဲ့ကြဘူး၊ ဒီလောက်ထိခေါ်လာပေးတဲ့ အဲလူကပဲ အံ့သြစရာ ကောင်းနေပြီ" နောက်အမျိုးသမီးတစ်ယောက်က ပြောလေသည်။
"သူတို့က အဲလောက်တောင် တာဝန်ယူမှုမရှိဘူးလား" ရှီမာယူယူသည် ပြည်မ၏ အဂ္ဂိရတ်ပညာရှင်အသင်းမှာ ထောင်လွှားလှသည်ဟု ခံစားရပြီး မျက်မှောင်ကြုတ်လေသည်။
"အာ.. အကုန်လုံးတော့ဒီလိုမဟုတ်ဘူး ကောင်းတဲ့လူတွေလည်းရှိ တယ် ဒါပေမဲ့ အဲလူတွေရဲ့ဖိနှိပ်တာကိုခံနေရတယ်၊ အာဏာရှိတဲ့သူတွေက တော့ဒီအတိုင်းချည်းပဲ၊ အချိန်တွေကြာသွားရင် အသင်းတစ်ခုလုံးက အမှောင် တွေပဲ ဖုံးသွားတော့မှာ"
"ဥက္ကဌကမဆိုးဘူးလို့ပြောတယ်မလား ဘယ်လိုဖြစ်လို့ သူက ဒီလို အခြေအနေထိ သည်းခံနေရတာလဲ"
"ဥက္ကဌက အဂ္ဂိရတ်ပညာကိုစွဲလမ်းနေတော့ အသင်းကိစ္စတွေကို စီမံခဲ တယ်၊ လက်ရှိကတော့ ဒုဥက္ကဌက ဆုန်းချောင်းဂျီပဲ တာဝန်ယူထားတယ် ပြီးတော့ အဲဒီဆုန်းချောင်းဂျီက လူကောင်းမဟုတ်ဘူး"
"ဆေးအဖွဲ့ခွဲကလည်းအဲအတိုင်းပဲလား"
"ဆေးအဖွဲ့ခွဲခေါင်းဆောင်နဲ့ ဥက္ကဌနဲ့က စိတ်ဝင်စားတာတူတယ် သူတို့ နှစ်ယောက်လုံးက အဂ္ဂိရတ်ပညာကိုပဲ အာရုံစိုက်ကြတယ်၊ ဒါပေမဲ့ သူတို့က ရှားပါးတဲ့ အဆင့်၁၁ အဂ္ဂိရတ်ပညာရှင်ဖြစ်ကြတော့ တခြားသူတွေက သူတို့ ရဲ့လုပ်ပိုင်ခွင့်ကို မဖမ်းဆုပ်နိုင်ဘူး၊ မဟုတ်ရင် ဥက္ကဌရာထူးက အစောကြီး ကတည်းက ပြောင်းပြီးနေပြီ"
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 6
Historical FictionBook-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...
