အပိုင်း (၁၀၄၅) - သစ္စာဖောက်သူ

1.8K 214 0
                                    

Zawgyi


ရှီမာယူယူသည် သူမအတွေးများကို ဆင်ခြင်ပြီးပြောပြလေသည် "ပြီးခဲ့ တဲ့၂ရက်ကို တောင်ကြားကကိစ္စတချို့ကို ကျွန်တော်သင်ခဲ့တယ်၊ အခုဆိုရင် တိမ်တိုက်ဂူနဲ့ အရင်ကပဋိပက္ခတွေရှိခဲ့တယ်ဆိုပေမယ့် အရင်ကတစ်ခါမှ မဖြစ်ဖူးဘူး"

လျန်ဝူမင် ခေါင်းညိတ်လိုက်သည် "အမှန်ပဲ"

"အဲလိုဆိုရင် အဲလောက်အင်အားကြီးအများကြီးက ဘာလို့ ကျွန်တော် တို့ကိုတိုက်ခိုက်တာလဲ" ရှီမာယူယူ ဆက်ပြောလိုက်သည် "ပြီးတော့ ကျွန်တော်တို့က ဘာလှုပ်ရှားမှုမှလုပ်တာမဟုတ်ဘူး အဲဒါအဓိပ္ပာယ်မရှိဘူး"

"တကယ်ပဲ ရုတ်တရက်ဖြစ်လွန်းတယ်" တုန်ပိုင် ဆက်ပြောလေသည် "ဒါပေမဲ့ သူတို့က အရိပ်ထဲမှာလှုပ်ရှားနေလောက်တယ်"

"တကယ်လို့ သူတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားနားကို လူတွေအများ ကြီးလွှတ်တယ်ဆိုရင် ကျွန်တော်တို့ သတိထားမိရမှာပေါ့" ရင်ဘိုင်ချွန်း ဆက် ပြောလေသည် "မဟုတ်ရင်...."

"မဟုတ်ရင်ဘာလဲ"

"သူတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို လူမလွှတ်သရွေ့ပေါ့" ရှီမာယူယူ ဆက်ပြောလိုက်သည် "အဲလိုမှပဲ သူတို့က ကျွန်တော်တို့ မပြင်ဆင်ထားတာ ကိုမိမှာ"

"သခင်လေးပြောတာက တောင်ကြားမှာ သူလျှိုရှိနေတာလား" ရှောင်ကျင်းရှုံ ပြောလိုက်သည် "အဲလူမဖမ်းမိစေနဲ့ မဟုတ်ရင် ငါ သေချာ ပေါက်...."

"အကြီးအကဲရှောင် စိတ်မလှုပ်ရှားပါနဲ့ မသေချာသေးပါဘူး"

"ဒီကိစ္စက လူတိုင်းကို စစ်ဆေးဖို့လိုမယ်" လျန်ဝူမင် ဆက်ပြောလေ သည် "တကယ်ပဲ တစ်စုံတစ်ယောက်က ငါတို့ကိုသစ္စာဖောက်တယ်ဆိုရင် စစ်ဆေးရတော့မယ် ပြီးတော့ ဒဏ်ရာရထားတဲ့ပည့်တွေကလည်း ဖြစ်နိုင် သလောက်မြန်မြန် သက်သာဖို့လိုတယ်၊ ပြန်မလာသေးတဲ့သူတွေကို အချိန် တစ်ခုလောက် ပြန်မလာဖို့ပြောလိုက်"

"ဟုတ်ကဲ့ တောင်ကြားသခင်"

"အဲဒါအပြင် တခြားပြောစရာရှိသေးလား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 6Where stories live. Discover now