အပိုင်း (၁၀၆၄) - ဂမ္ဘီရအဖွဲ့အစည်း

2K 239 3
                                    

Zawgyi


ဝူလင်းယူ အဖြူရောင်ဝတ်ထားသော ဘူစွမ်းဇီအဖွဲ့ကိုညွှန်ပြချိန်တွင် တော့ ရှီမာယူယူသည် အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည် "ဘူစွမ်းဇီက ဂိုဏ်းလား"

"ဂိုဏ်းလို့တော့ သတ်မှတ်လို့မရဘူး ဆရာနဲ့ တပည့်တွေပဲ" ဝူလင်းယူ သည် ရှီမာယူယူ၏ အံ့သြသောပုံစံကိုကြည့်ပြီး "အဲဒါကိုဘာလို့ထင်နေတာလဲ"

"ကောင်းကင်အလိုကိုသိတဲ့ လူတစ်ယောက်တည်းလို့ပဲထင်တာ" ရှီမာယူယူသည် နှုတ်ခမ်းမဲ့လိုက်သည် "ဒါဆိုရင် သူတို့အားလုံး ဂမ္ဘီရအတတ် တတ်တယ်လို့ဆိုလိုတာမလား"

"တကယ်တော့ မင်းပြောတာလည်းမမှားဘူး၊ ဂမ္ဘီရပညာရှင်ဖြစ်ချင်ရင် အရည်အချင်းရှိရမယ် ကိုယ်တို့ မလုပ်နိုင်တာတွေကို အာရုံခံနိုင်တယ် ဆုံးဖြတ်ချက်တွေလုပ်နိုင်တယ်" ဝူလင်းယူ ရှင်းပြလေသည်။

"ဒီကမ္ဘာမှာ အဲလိုအရည်အချင်းရှိတဲ့လူတွေများလား" ရှီမာယူယူ မေး လိုက်သည်။

"ဒီကမ္ဘာကအဲလောက်ကြီးတယ် ဒါပေမဲ့ အဲလိုအရည်အချင်းရှိတဲ့လူက မများဘူး ရှိရင်တောင် သူတို့မရှာနိုင်ကြဘူး ဂိုဏ်းကသေးတာကိုး ပြီးတော့..."

"ပြီးတော့ ဘာလဲ" ရှီမာယူယူ နောက်မှလိုက်ပြောလေသည်။

"သူတို့ အရည်အချင်းက ကောင်းကင်ကပေးအပ်ထားတာပဲ သူတို့ ဒီ အရည်အချင်းကိုသုံးချင်တယ်ဆိုရင် တန်ရာတန်ကြေးပေးရတယ်" ဝူလင်းယူ သည် အဖြူဝတ်လူများကို ကြင်နာစွာကြည့်လိုက်သည်။

"ဘာတန်ရာတန်ကြေးလဲ" ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက် သည်။

"သူတို့ ကျင့်စဉ်က အံ့ဖွယ်အဆင့်ပဲရောက်မယ်၊ အသက်၅၀၀ ကျော်ပြီး နေလို့မရဘူး သားသမီးမရနိုင်ဘူး"

ရှီမာယူယူ လန့်သွားသည်။ ဒီလောက်တန်ရာတန်ကြေးကြီးတာလား။

"အဲတော့ သူတို့က မွေးဖွားကတည်းက သတ်မှတ်ပြီးသားလား"

"မဟုတ်ဘူး သူတို့ရွေးချယ်လို့ရတယ်" ဝူလင်းယူ ပြောလိုက်စသည် "သူတို့က ဂမ္ဘီရပညာရှင်မဖြစ်ခင်ကို သာမန်လူတွေနဲ့ မကွာဘူးလို့ ကြားဖူး တယ်... သူတို့ဒီအရည်အချင်းကို ဖွင့်လိုက်မှာပဲ သူတို့ရဲ့ ကံတရားက ပြောင်းလဲသွားတဲ့ပုံပဲ သီးခြားကန့်သက်ချက်တွေတော့ ကိုယ်လည်း မသေချာ ဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 6Where stories live. Discover now