အပိုင်း (၁၀၃၈) - ထောင်ချောက်

1.8K 223 1
                                    

Zawgyi


ရှီမာယူယူသည် ကြည့်ရှုခဲ့သည်များကို တစ်ဆင့်ချင်းစီ ကောက်နုတ် လေသည်။ လျန်ဝူမင်နှင့် တည်ဆောက်မှုခန်းမမှအဖွဲ့ဝင်များသည် သူမ၏ မြန်ဆန်သော လက်ချောင်းများကိုကြည့်နေကြသည်။ ဒီကောင်လေးက အချုပ်ကောက်နုတ်တာကို ဦးနှောက်သုံးစရာမလိုဘူးလား။

တခြားသူများ ထိုကဲ့သို့ကောက်နှုတ်ပါက ဆိုးဝါးစွာ ကြိမ်းမောင်းခံရ မည်။ အဘယ့်ကြောင့်ဆိုသော် တည်ဆောက်မှုကို ကောက်နှုတ်သည့်အဆင့် တိုင်းသည် သေချာတွက်ချက်ရကာ တစ်ဆင့်မှားသွားသည်နှင့် အဆင့် အားလုံးမှားသွားမည်။

ရှီမာယူယူသည် လျင်မြန်စွာပင် ကောက်နှုတ်လိုက်သည်။ သူမကို သေချာမသိသောသူများသည် ကလေးကစားစရာကဲ့သို့ သဘောထားနေ သည်ဟု ထင်ကြသည်။ သူမကိုသိသူများသည် သူမ၏ ကောက်နှုတ်ချက်မှာ တခြားသူများထက် အဆပေါင်းများစွာမြန်သည်ကိုသိကြသည်။ သူမသည် တည်ဆောက်မှုမျဉ်းကိုကြည့်လိုက်သည်နှင့် ရလဒ်များစွာကို ကောက်နှုတ်နိုင် သည်။

"သူ့အမြန်နှုန်းနဲ့ဆိုရင် သူ တကယ်ပဲတည်ဆောက်မှုကို ဖျက်နိုင်မှာလား" လူတစ်ယောက် မေးလိုက်သည်။

"တခြားသူသာဆိုရင် မဖြစ်နိုင်ဘူးလို့ ငါပြောမှာပဲ၊ ဒါပေမဲ့ ပထမ တည်ဆောက်မှုမှာ တောင်ကြား သခင်လေးရဲ့အမြန်နှုန်းနဲ့ဆိုရင် သူဒီ တည်ဆောက်မှုကိုဖျက်နိုင်မယ်လို့ ငါယုံတယ်"

"ငါလည်းယုံတယ်"

"တောင်ကြားသခင်လေးကတော့ တကယ်ပဲ တောင်ကြားသခင်လေးပဲ ထင်ထားတဲ့အတိုင်းပဲ သူက ငါတို့ယှဉ်မရတဲ့သူပဲ"

"အဲဒါကလည်း မင်းနှမြောရမယ့်ဟာမဟုတ်ပါဘူး လူတိုင်းရဲ့ လက်ဆောင်တွေကမတူကြဘူးလေ၊ ငါတို့မှာ သူမလို လက်ဆောင်ရှိရင် သွေး လက်စွပ်ရဲ့ ရွေးချယ်တာကိုခံရမှာပဲ"

"ဟုတ်တယ်၊ အဲဒါကြောင့် သူက တောင်ကြားသခင်လေးဖြစ်ပြီး ငါတို့ ကမဖြစ်နိုင်တာပဲ၊ စိတ်ထဲမှာပဲထားလိုက်ပါ"

"ဘယ်လိုပဲဖြစ်ဖြစ် တောင်ကြားသခင်လေးက ငါတို့စံပြပုဂ္ဂိုလ်ပဲ၊ သူက ငါတို့သွားချင်တဲ့ ပန်းတိုင်ပဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 6Where stories live. Discover now