Zawgyi
အပိုင်း (၁၀၁၇) – စိတ်ကိုသက်ရောက်ခြင်း
ရှီမာလွီယွင်တို့ထွက်သွားသည်ကို မုန့်ဆန်းချွယ်နှင့် ရှောင်ချီတို့ မြင် သည်နှင့် လျှောက်လာကြသည်။ ရှီမာယူယူ၏ စိတ်မတည်ငြိမ်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီးမေးကြလေသည် "ယူယူ အဆင်ပြေရဲ့လား"
ရှီမာယူယူသည် ခေါင်းရမ်းပြီးနောက် လက်ထဲမှပစ္စည်းကိုသိမ်းလိုက် သည်။
"ပြန်သွားရအောင် ခဏနေ နေဝင်တော့မယ်" မုန့်ဆန်းချွယ် ပြောလိုက် သည်။
"ဟုတ်"
ရှီမာယူယူတို့ တည်းခိုဆောင်သို့အရောက်တွင် ကောင်းကင်သည် အရှေ့ဘက်သို့ အလင်းများဖြာနေပြီဖြစ်သည်။
မုန့်ဆန်းချွယ်သည် သူ့အခန်းသို့ပြန်မသွားတော့ပေ။ အချိန်မှာမကျန် တော့ပေ။
ရှီမာယူယူပြန်ရောက်ချိန်တွင် ဝိညာဉ်စေတီအတွင်းသွားပြီး ရှီမာလွီယွင် ပေးလိုက်သော ပစ္စည်းကို ကြောင်စီစွာကြည့်မိသည်။ သူမတွင် ထိုကဲ့သို့ ပစ္စည်းရှိနေသဖြင့် ဟိန်းသံလေးနှင့်တခြားသူများသည် အနီးအနားတွင်သာ ကြည့်နေကြပြီး အနီးကပ်မသွားရဲပေ။
ကြက်သွေးရောင်မီးတောက်သည် လူသားအသွင်ပြောင်းပြီး သူမဘေး သို့လျှောက်လာသည်။
"မင်းစိတ်တွေအခုမတည်ငြိမ်သေးဘူးပဲ၊ အဂ္ဂိရတ်ပြိုင်ပွဲအတွက် မကောင်းဘူး" ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။
"သိတယ် ဒါပေမဲ့အခုမတည်ငြိမ်နိုင်ဘူး" ရှီမာယူယူသည် လှည့်ပြီး သူ့ ကိုကြည့်ပြီးမေးလိုက်သည် "ကြက်သွေးရောင်မီးတောက် ဒီလောကကြီးက တကယ်ပဲဘယ်လောက်တောင်ကြီးတာလဲ ငါသိလောက်ပြီလို့ထင်လိုက်တဲ့ အချိန်တိုင်းကို ရေခဲတုံးရဲ့ထိပ်ပိုင်းလောက်ပဲသိတယ်ဆိုတာ သိလိုက်ရတယ် မင်းထိခိုက်သွားပြီး ဥထဲမှာနှစ်တွေအများကြီးအိပ်သွားတုန်းကရော အခု ၁၀ ၂၀ရာခိုင်နှုန်းလောက်ပဲ ပြန်ကောင်းတော့ရော အားကောင်းနေပြီ၊ တကယ်ပဲ မင်းကဘယ်ကလဲ၊ အတိအကျအားဘယ်လောက်ကောင်းတာလဲ၊ မင်းက ဒီ ကမ္ဘာကလာတာရောဟုတ်ရဲ့လား၊ ဘုရင်ရဲ့အထက်မှာဘာရှိတာလဲ၊ အခု လည်း လူတစ်ယောက်က ဘုရင်ဖြစ်နိုင်လား"
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 6
Historical FictionBook-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...
