Chapter 5

1K 113 97
                                    

ရှောင်းကျန့်တယောက် ဦးလေးလန်ရဲ့ ရုပ်အလောင်းထားရှိရာ ဈာပနအခမ်းအနားပနေ စိတ်ရှုပ်ရှုပ်နဲ့ထွက်လာခဲ့မိသည်။ဘယ်ကိုဆိုပြီး ရည်ရွယ်ချက်မရှိတဲ့ ခြေလှမ်းကျဲကျဲတို့ရဲ့ ဦးတည်ရာက ဂေဟာစာကြည့်တိုက်လေးဆီကိုသာ။

သစ်ပင်ကြီးများကြောင့် အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေတဲ့ စာကြည့်တိုက်အဆောင်လေးမှာ တံခါးတွေစေ့ပိတ်ထားပေမဲ့ အေးချမ်းမှုကို ရှောင်းကျန့်ခံစားမိသည်။အထဲမဝင်သေးဘဲ အဆောင်လေးကို အပြင်က ရပ်ငေးကြည့်နေရင်းမှ ငယ်စဉ်က သူတို့ ညီအကိုသူငယ်ချင်းများနဲ့ စနောက်ပျော်ရွှင်ခဲ့ရမှုများကို သတိရမိကာ သွားလေသူ ဦးလေးလန်ကိုပါ တဆက်ထဲအောက်မေ့သွားသည်။

*အကိုလန်က ဒီဂေဟာလေးကိူ သိပ်သံယောဇဉ်ကြီးရှာတာပါဗျာ.....ပရဟိတ‌ေတွလုပ်တဲ့ သူတော်ကောင်းကြီးကို ဘုရားသခင်မို့ စောစောခေါ်ရက်တယ်....အကြွေစောလှချေလား အကိုလန်ရဲ့....*

နတ်သံနှောကာ ဧယဉ်ကျူးနေတဲ့ ဗိုက်ရွဲရွဲထိပ်ပြောင်ပြောင်လူကြီးရဲ့ စကားသံတို့က ရှောင်းကျန့်နားထဲ တဝဲလည်လည်။တခြားသူလဲမဟုတ်။ဦးလေးလန်ရဲ့ယောက်ဖ.... နော်ဝေးမှာနေတဲ့ ညီမဖြစ်သူဒေါ်လန်ရင်းရဲ့ ခင်ပွန်းသည် ဦးဝမ်ရိုဟန်.....။

"အကိုလန်က ကျနော့်ကို ဂေဟာနဲ့ပတ်သတ်ပြီး လွဲအပ်ထားတဲ့တာဝန်တချို့ရှိပါတယ်....အဲ့ဒါကဘာလဲဆိုတာ အခုဈာပနလာတဲ့ဧည့်သည်တော်ကြီးများရှေ့မှောက်မှာ ကျနော်ပြောပါရစေ.....တခြားတော့မဟုတ်ပါဘူးခင်ဗျ.....အကိုလန်သိပ်တွယ်တာတဲ့ ဒီဂေဟာလေးကို ပေကျင်းမြို့ကိုပြောင်းရွေ့ဖို့ပါပဲ......"

စကားကြောရှည်‌ေနသည့် အနှီလူကို ကြည့်မရပေမဲ့ နားထောင်နေကြသည့် လူတွေအကုန်လုံးဟင်ခနဲဟာခနဲဖြစ်ကုန်ကြရသည်အထိ အံ့ဩကြရ၏။

"ပေကျင်းကို ရွေ့မှာ‌ဆိုတော့ ဒီနေရာက ဘယ်လိုလုပ်မှာလဲ.....မဖြစ်နိုင်ဘူး....ကျမကတော့ သဘောမတူဘူး...."

အမယန်လီလိုပါဘဲ ရှောင်းကျန့်တို့လဲ တွေးမိပါသည်။ဦးလေးလန်လောက် တိဗက်မြေကိုချစ်ပြီး ဒီဂေဟာလေးကိူသံယောဇဉ်ကြီးတာ ဘယ်လိုလုပ် ပေကျင်းကိုရွေ့ဖို့ဖြစ်နိုင်မှာလဲ။

Happy GhostWhere stories live. Discover now