Chapter 22

722 89 50
                                    

ဝိဉာည်လေးရိပေါ်ကတော့ လှေခါးရင်းမှာ ငုတ်တုတ်လေးထိုင်ရင်း လောကကြီးကို စိတ်ကုန်သည့်အမူအရာနဲ့ အိမ်တံခါးဝမှာတင် ဂယက်ရိုက်နေသည့် အနှီလူတစုကိုသာ စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေရသည်။

"ဦးလေးက လူလာရှာတာ ငါ့တူတို့ရဲ့....ဒါMr.ကျန်းဝူကျိရဲ့ အိမ်မလား...."

"ဟုတ်တာက ဟုတ်ပါတယ်....ဦးလေးကျန်းနဲ့တွေ့ချင်ရင် နောက်မှ တခေါက်ပြန်လာခဲ့ပါ....အခုတော့ ဒီအိမ်ကအရင်ထွက်သွားရအောင်..."

ဟောက်ရွှမ်းရဲ့ သနားစဖွယ်မျက်နှာလေးနဲ့ပြောနေပေမဲ့ ဝမ်မင်ဟန်မှာ ဝမ်းသာသွားမိသည်။

"ဟုတ်တယ်ဆို လာကြလေ....ဘာလို့နောက်တခေါက်ပြန်လာရမှာလဲ....Mr.ကျန်းနဲ့ ဦးလေးက အရေးတကြီးပြောစရာတွေရှိနေတာ....လာကြ....လာကြ...."

ဧည့်သည်ဦးလေးကြီးနဲ့အတူပါလာသည့် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းကာmaskတပ်ထားတဲ့ လူရွယ်ကောင်လေးက အရင် အိမ်ထဲကို ဦးအောင်ဝင်သွားနှင့်ပြီး ကျန်လူများကိုပါဆွဲခေါ်သွားသည်မို့ တယောက်လက်တယောက်ချိတ်ထားတဲ့သူတို့မှာ မီးရထားတွဲကြီးလို ပါသွားကြသည်။

"အိမ်ထဲမှာ သရဲရှိတယ်ဗျ....ဦးလေးတို့ နေချင်သပါ့ဆို နေခဲ့ကြ....ကျနော်တို့ကတော့ ပြေးပြီ....."

ပြောပြီးသည်နဲ့ အိမ်တံခါးဝဆီပြေးသွားသည့် ကျန်းချန်ကြောင့် ကျန်လူများပါ အနောက်ကလိုက်ပြေးကြပြန်သည်။သိူ့ပေမဲ့ ရိပေါ်ကတော့ အေးအေးလူလူထိုင်ကြည့်နေသည်။ရှောင်းကျန့်တို့အုပ်စုက အသဲအသန်တံခါးဖွင့်နေကြပေမဲ့ တံခါးမကြီးက ပိတ်နေသည်မို့ ဘယ်လိုဖွင့်လို့မှ ပွင့်မလာချေ။

"ငါ့တူတို့ရာ ခေတ်လူငယ်တွေမဟုတ်တာကြလို့....အယူသီးတက်လိုက်ကြတာ....ဟား ဟား...."

လှောင်သလိုပြောင်သလိုနဲ့ ခပ်ဟဟရယ်ကာ နောက်မှီမပါသည့် ဆိုဖာခုံတန်းရှည်ကြီးပေါ်ထိုင်ချလိုက်တဲ့ ဧည့်သည်ဦးလေးကြီးကြောင့် ရိပေါ်က ခပ်ပြုံးပြုံးအမူရာလေးနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။

ဧည့်သည်ဖြစ်တဲ့ ဝမ်မင်ဟန်တို့သားအဖကတော့ သူတို့ကို အထူးအဆန်းလို တအံ့တဩကြည့်နေကြ၏။

Happy GhostWaar verhalen tot leven komen. Ontdek het nu