Chapter 18

634 94 84
                                    

"ညစာစားရတာ အဆင်ပြေရဲ့လား ဦး...."

‌ဘယ်နှယ့်မေးလိုက်ပါလိမ့် သည်းညှာရယ်....။မင်းမျက်နှာလေးကိုသာ တကမ္ဘာထင်နေတဲ့ ဟောဒီတပြည်သားက မင်းလေးကို တနေကုန်မတွေ့မမြင်ရတာ ဘယ်လိုလုပ်စားဝင်အိပ်ပျော်နိုင်မှာလဲကွယ်....။

"မပြေဘူး....ညစာမှမဟုတ်ဘူး အရုပ်လေးကိုမမြင်ရရင် ဘယ်ဟာမှ ကိုယ့်အတွက်အဆင်မပြေဘူး....ပြောပါဦး ဘယ်တွေသွားပြီး ဘာတွေလုပ်နေလို့ တနေကုန်မတွေ့ရတာလဲ...."

ဟိုဝမ်ချောင်ဆိုလား ဝမ်ကြောင်ဆိုလား အဲ့ဒီအကောင်နဲ့ မျက်နှာချင်းမဆိုင်ချင်တာမို့ မြန်မြန်စားကာ အပြင်ကိုထွက်လာတော့ အရုပ်လေးနဲ့ တန်းတိုးသည်မို့ လူရှင်းတဲ့ဘက်လက်ဆွဲခေါ်လာခဲ့မိသည်။

"အဟင်းး...ဦးကလဲ...."

ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားကာ ခပ်တိုးတိုးပြောနေတဲ့ ချစ်သည်းညှာကြောင့်

"အရုပ်လေး ကိုယ့်ကိုဘယ်တော့ အဖြေပေးမှာလဲ....ကိုယ်ပြန်ရတော့မယ်လေ....ဖေဖေယောက္ခမကြီးဆီမှာ တခါထဲလက်ထပ်ပြီး ပေကျင်းကို အပါခေါ်သွားချင်ပြီ....ကိုယ့်ကိုအဖြေပေးပါတော့ကွာ နော်....."

တိုးလျိုးခယနေတဲ့ မျက်နှာခန့်ချောကြီးရယ်၊မျှော်လင့်ချက်တွေနဲ့တောက်ပနေတဲ့ မျက်ဝန်းလက်လက်တွေ‌ရယ်ကြောင့် ရိပေါ်စိတ်ထဲ တန်ချိန်ဝန်များတဲ့ သံတုံးကြီးဖိတင်ခံထားရသည့်နှယ် လေးလံသွားရသည်။

"ဟင်လို့....ကိုယ့်ကိုချစ်တယ်မလား....အရုပ်လေးပြောရမှာ ရှက်ရင် ခေါင်းပဲငြိမ့်ပြကွာနော်....တချက်လေးပဲ ငြိမ့်ပြလိုက်....ကိုယ့်ကိုချစ်တယ်မလား....ကိုယ်ကတော့ အရုပ်လေးကို ရင်ထဲအသဲထဲ အို တကိုယ်လုံးရှိရှိသမျှအရာတွေထဲကနေ ချစ်တာ...."

အရုပ်လေး၏ ရှက်မျက်နှာလှလှလေးကို စိုက်ကြည့်ကာ အချစ်စကားလေးတွေ ရင်ဖွင့်နေမိသည်။ချစ်လိုက်ရတာ အရုပ်လေးရယ်။

"ဦးရယ်...."

အဇွတ်ရောအတင်းရော အချစ်ကိုအေးဓါးမြတိုက်နေသည့် ရှောင်းကျန့်ကြောင့် ရိပေါ်ပင့်သက်ရှိုက်ကာ ထိုမျှသာ ဖြေနိုင်သည်။ရှောင်းကျန့်မှာလဲ သူ့စကားတွေကို အင်းမလှုပ်အဲမလှုပ်နဲ့ ငြိမ်နားထောင်နေသည့် ရိပေါ်အား အားမလိုအားမရတွေဖြစ်နေရကာ အတင်းသိုင်းဖက်ဖို့ ကြိုးစားမိတုန်း

Happy GhostWhere stories live. Discover now