Chapter 13

737 100 98
                                    

"အို သန့်ရှင်းသော ဝိဉာည်တော် အဖဘုရားသခင်....ကျွန်ုပ်ကို သရဲတစ္ဆေရဲ့ရန်အပေါင်းမှ ကယ်တင်စောင်မတော်မူပါ....နံရံပေါ်လမ်းလျှောက်ပြတက်သော နာနာဘာဝများရဲ့ ရန်မှလဲ လွတ်ကင်းစေတော်မူပါ.....အာမင်...."

ရုပ်‌ရည်ကလဲ မင်းသားရှုံးအောင်ချောသလို အရပ်ရှည်ရှည်နဲ့ စတိုင်လ်ကလဲ ခပ်မိမိ....ဒီကြားထဲ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြန်တော့ ငွေဆိုတာက အပေါကြွယ်ဆုံး....ပြောရရင် မိန်းကလေးများရဲ့ စိတ်ကူးယဉ်အိမ်မက်မင်းသား daddy typeကြီးမှအားမနာ။မအိပ်ခင် အခန်းထဲရော ခုတင်ပေါ်ရော ရေမန်းနဲ့အနှံ့လိုက်ဖြန်းနေတဲ့ ရှောင်းကျန့်ကို ဟိုက်ဆန်းစိတ်ကုန်စွာလိုက်ကြည့်နေမိသည်။

"ဒေါက်...ဒေါက်...."

တံခါးခေါက်သံလေးကို အသဲငယ်ပြနေတဲ့ ရှောင်းကျန့်က ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးမှ အားမနာ ခုတင်ပေါ်သို့ ဆွေ့ခနဲခုန်တက်လိုက်ပြီး ပိန်ပိန်သေးသေး ဟိုက်ဆန်းကို မျက်စပစ်လို့

"တံခါးခေါက်နေတယ်....မင်းသွားဖွင့်လိုက် ဟိုက်ဆန်း...."

ဟိူက်ဆန်းက ခေါင်းအသာငြိမ့်ပြရင်း တံခါးကိုဖွင့်လိုက်တော့ မထင်မှတ်ထားသည့် ဧည့်သည်လေးဖြစ်နေသည်။

"ဦးရော....အိပ်နေပြီလား...."

"မ..မ..မအိပ်သေးဘူး...ရှိ...ရှိ...ရှိတယ်...."

ရိပေါ်နဲ့ ဟိုက်ဆန်းက အရပ်တူ ဆိုဒ်တူဖြစ်သလို တံခါးကို အကုန်မဖွင့်ထားတာကြောင့် နောက်ကလှမ်းကြည့်နေတဲ့ ရှောင်းကျန့်က ရိပေါ်ကိုမမြင်ရပေ။

"ဘယ်သူလဲ ဟိုက်ဆန်း...."

"အ..အ..အကိုရဲ့..."

ရှောင်းကျန့်ကို ခေါင်းလှည့်ကြည့်ရင်း အထစ်အထစ်နဲ့ ပြောနေတဲ့ ဟိုက်ဆန်းကို ရိပေါ်စိတ်မရှည်တော့တာမို့

"ရတယ် ကျနော့်ဘာသာဝင်သွားလိုက်မယ်...."

ဟိုက်ဆန်းကို တွန်းမဖယ်ရုံတမယ် အခန်းထဲဝင်သွားတဲ့ ရိပေါ်ကြောင့် သူ့မှာ ကဗျာကယာနောက်ဆုတ်ပေးလိုက်ရသလို ခုတင်ပေါ်မှာ စောင်ကြီးခြုံပြီး ငုတ်တုတ်ထိုင်နေတဲ့ ရှောင်းကျန့်တယောက် အံ့ဩသွားရသည်။

Happy GhostWhere stories live. Discover now