Chapter 7

906 119 42
                                    

တောင်ရိုးရိပ်ဂေဟာနဲ့ မလှမ်းမကန်းမှာရှိနေသည့် အုတ်ကြွပ်မိုးထားသည့် နှစ်ထပ်အိမ်နီကြီးတလုံးကို လှမ်းမြင်လိုက်ရတော့ လမ်းလျှောက်နေရင်းမှ ဦးလေးကျန်းက ရပ်တန့်လိုက်ပြီး

"အဲ့ဒါ ငါ့အကိုကျန်းဝူကျိရဲ့ အိမ်ပေါ့ကွာ....တသက်လူံးကံမကောင်းရှာခဲ့တဲ့ ငါ့အကိုခမျာ ခရီးသွားရင်း accidentဖြစ်ခဲ့လို့ အကိုက မျက်လုံးတွေကွယ်ခဲ့သလို မရီးကတော့ နေရာမှာတင်ပွဲချင်းပြီးဆူံးရှာတယ်....."

"ယောက်.....ဦးလေးကျန်းသနားပါတယ်နော်...."

ယောက္ခမကြီးလို့ ထွက်လုဆဲဆဲရှောင်းကျန့်တယောက် ပါးစပ်ကို အမြန်ထိန်းလိုက်ရပြီး ဝမ်းနည်းကြောင်းပြောမိတော့ ဦးလေးကျန်းဖုန်းမြင့်က သူ့အာရုံနဲ့သူမို့ သတိမထားမိပေမဲ့ ကျန်တဲ့ကောင်တွေက အဖြစ်သည်းရန်ကောဆိုတဲ့ ပုံနဲ့ ကြည့်လာကြသည်။

"အေးကွာ....သားသမီးမထွန်းကားရှာတဲ့ အကိုတို့လင်မယားက အကိုလန်ရဲ့ဂေဟာကနေ ကလေးလေးကိုမွေးစားခဲ့တယ်.....အဲ့ကလေးကလဲ အကိုလန်နဲ့အတူ accident ကြောင့်ဆူံးပါးသွားရှာတဲ့ကလေးဘဲ ငါ့တူတိူ့ရာ....ပြောရရင် အကိုကျန်းဘဝက သနားစရာပါကွာ.....ကဲပါ လာလာ အကိုစောင့်နေလိမ့်မယ်....."

ဆက်ပြောလာတဲ့ ဦးလေးဖုန်းမြင့်ရဲ့စကားကြောင့် ရှောင်းကျန့်တို့တွေ ပိုလိူ့စိတ်မကောင်းဖြစ်ကုန်ကြရသည်သာ။မသန်စွမ်းတဲ့ဘဝမှာ အားကိုးစရာကျောထောက်နောက်ခံသားသမီးမရှိရှာတော့ ဦးလေးကျန်းမှာ ပိုလို့သနားစရာဖြစ်နေသည်။မဖြစ်ဘူး သူလဲ‌အရုပ်လေးနဲ့မြန်မြန်လက်ထပ်ပြီး ကလေးလေးတွေမွေးရမယ် ဒါမှအသက်ကြီးလာတဲ့အချိန် စိတ်အေးရမှာ။

ရှောင်းကျန့်တို့တွေ တံခါးတွန်းဖွင့်ပြီး ခြံထဲဝင်မည်အလုပ်တွင်

"အကိုကျန်း....အကိူကျန်း....."

သူ့ဗိုက်ရွဲကြီးမှ အားမနာ။တလှုပ်လှုပ်ပြေးလာတဲ့ ဟိုတနေ့က ဦးလေးလန်ရဲ့ ယောက်ဖကြီးကို တွေ့လိုက်ရသည်။

"ဪ ရိုဟန်....ဘာများလဲ မင့်မလဲ အမောတကောရှိတာကွာ....."

ဒူးပေါ်လက်ထောက်ရင်း ကုန်းကုန်းကြီး ဟောဟဲစိုက်နေသည့် အနှီလူက စကားဆက်မပြောနိုင်သေးတာမို့ ခနစောင့်နေသည်။အရုပ်လေးနဲ့ သနားစရာယောက္ခမကြီးတို့တော့ မျှော်နေရှာတော့မှာဘဲ။

Happy GhostWhere stories live. Discover now