Chapter 25

629 82 43
                                    

တိုင်ကပ်နာရီထံမှ အသံတချပ်ချပ်မြည်သည်ကလွဲ၍ တအိမ်လုံးတိတ်ဆိတ်နေကြသည်။ည၈နာရီထိုးတော့မည်...အခုထိရိပေါ်လေးက ပြန်မရောက်သေးတာမို့ ကျန်းဝူကျိရော ယန်လီပါ စိတ်ပူနေကြသည်။ဝမ်ချောင့်ကိုဖုန်းဆက်မေးတော့လဲ ရိပေါ်ပြန်သွားတာကြာပြီဟုပြောသည်မိူ့ မိုးကလဲရွာနေသဖြင့် သူတို့မှာ ပူပန်နေရသည်။

"ပါးပါး...မမ...ပါးပါးရေ...ဦးလေးလန်တို့အက်စီးဒင့်ဖြစ်လို့တဲ့....ရိ...ရိပေါ်ပါ,ပါတယ်...."

သတင်းဆိုးကိုသယ်လာသူ စစ်ကြွေးကြောင့် ယန်လီရော ဦးလေးကျန်းဝူကျိပါတုန်လှုပ်သွားကြရသည်။တောင်ရိုးရိပ်ဂေဟာသိူ့ သူမတို့ အပြေးအလွားရောက်သွားချိန်တွင်

"ဟာ ဘယ်လို...ဘယ်လိုဖြစ်ကုန်ကြတာလဲ...."

ပိတ်ဖြူစနဲ့အုပ်ထားသော အလောင်းနှစ်‌ခုကြောင့် ယန်လီငိူယိုအော်ဟစ်လိူက်မိသည်။ဦးလေးကျန်းကတော့ မမြင်မစမ်းနဲ့ သွေးအလိမ်းလိမ်းပေကျံနေသောရိပေါ်မျက်နှာလေးကိုထိကိုင်ကာ အသံပင်မထွက်နိုင်တော့‌ဘဲ ‌ငိုကြွေးနေရှာသည်။

ရဲအရာရှိများက သူတို့လုပ်ထုံးအတိုင်းစစ်ချက်ယူနေသလို အကုန်လုံးကိုရပ်ကြည့်နေသော ရိပေါ်မှာ ထိတ်လန့်တုန်လှုပ်နေရှာသည်။

ငါသေသွားပြီလား....ပါးပါး သားကဒီမှာလေ ပါးပါး....စစ်ကြွေး ငါရှိတယ်လေ ...ကျနော့်ကိုဘယ်သူမှမမြင်ကြတော့ဘူးလား ကျနော့်အသံကိုဘယ်သူမှမကြားကြတော့ဘူးလား....ပါးပါးရယ် သားကြောက်လိုက်တာ....။

ဖခင်ဖြစ်သူနားသွားလိုက် မွေးစားညီလေးနားသွားလိုက်ဖြင့် တယောက်ထဲကြောက်ရွံ့အားငယ်ခြင်းက စာဖွဲ့ပြ၍မရနိုင်ပါ။အသံကုန်အော်ဟစ်ပြီးအော်ခေါ်နေပေမဲ့ မည်သူကမျှ ရိပေါ်ကိုအဖက်လုပ်ခြင်းမရှိကြပါ။သို့ပေမဲ့ ရိပေါ်ရဲ့ဝိဉာည်ကိုသတိထားမိသွားသော ယန်လီကသာ မျက်ရည်များကြားက‌နေသူ့ကိုစူးစူးစိုက်စိုက်ကြည့်နေတော့သည်။

(Flask end)

တသိမ့်သိမ့်ရှိုက်ငိူရင်း ပြောပြနေသောရိပေါ်ရဲ့စကားသံအဆူံး သူတို့အားလူံးရဲ့ရင်ထဲမှာ ယူကြုံးမရခြင်း၊နာလိုခံခက်ဒေါသများဖြစ်ထွန်းကုန်ရ၏။

Happy GhostWhere stories live. Discover now