Chapter 20

662 83 50
                                    

"ရိပေါ်က လူမဟုတ်ဘူးကွ...."

ယွီပင်းရဲ့ စကားသံကြောင့် အကုန်လုံးဆွံ့အကုန်ကြသည်။ပြီးမှ ဟောက်ရွှမ်းက ခွက်ထိူးခွက်လန်ရယ်မောကာ

"အေးလေ....ရိပေါ်က လူမဟုတ်ဘူး ကျန့်ကျန့်ရဲ့ အရုပ်ကလေးပဲ ဥစ္စာ...."

ဟောက်ရွှမ်းအပြောကြောင့် ကျန်လူများပါ လိုက်ရယ်ကြပေမဲ့ ယွီပင်းနဲ့ကျင်းရိကတော့ မျက်နှာ‌တွေပျက်နေရပြီး

"ငါတကယ်ပြောနေတာ ဟောက်ရွှမ်း....ရိပေါ်က လူမဟုတ်ဘူး....သူက ဝိဉာည်တယောက်ကွ....ဦးလေးလန်နဲ့အတူ accidentကြောင့်ဆုံးပါးသွားတဲ့ ကောင်လေးပဲ...."

အတည်ပေါက်ကြီးလာနောက်နေသည့် ယွီပင်းအား အနေအေးကာစကားနည်းသည့် ဟောက်ရွှမ်းအချစ်ကလေး ကျိရန်က

"အကိုယွီပင်းကတော့ လာစားနေပြန်ပြီ....ဟိုဆုံးသွားတဲ့ ကောင်လေးက တခြားသူပါ....ကျနော်တို့ အဲ့ကောင်လေးရဲ့ဓါတ်ပုံကို မြင်ပြီးပြီ....နော့် မောင်ရယ်...."

"ဟုတ်တယ် ယွီပင်း....ကျိရန်‌ပြောတာအမှန်ပဲ....နောက်မယ်ဆိုလဲ သေချာလေး ဇာတ်လမ်းဆင်မှပေါ့ကွာ....အခု မင်းဟာသက မရယ်ရဘူးဟ.....တခြားတခုပြောင်းပြော....."

သူတို့နဲ့တအိမ်ထဲအတူနေ အတူစားနေသည့် ရိပေါ်က ဘယ်လိုလုပ် လူမဟုတ်ရမှာလဲ။ဆုံးပါးသွားသည့်ကလေးကိူလဲ မြင်ဖူးထားပြီးသားမို့ ယွီပင်းစကားကို ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိပေ။

"မဟုတ်ဘူး အကိုကျန်းချန်....ကျနော်ဇာတ်လမ်းဆင်ပြီး စနေတာမဟုတ်ဘူး....အတည်ပြောနေတာ.....ရိပေါ်က ဆုံးသွားပြီ ....."

ယွီပင်းအပြောကို ကျင်းရိကပါ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ထောက်ခံပြန်သည်။ယွီပင်းပြောတာသာ အမှန်ဆို ဟိုဈာပနဓါတ်ပုံထဲက ကောင်လေးက ဘယ်သူလဲ။

"မင်းတို့နှစ်ယောက် မယုံဘူး.....ဒီမှာလာကြည့်.... လာ....ဆုံးသွားတဲ့ ကောင်လေးက သူပဲ...."

ဂျာအေးသူ့အမေရိုက်သလို လုံးချာလည်နေသည်မို့ စိတ်မရှည်တက်သည့် ကျန်းချန်က ယွီပင်းကို လက်ဆွဲခေါ်ကာ စစ်ကြွေးပုံကိုခေါ်ပြသည်။

Happy GhostWhere stories live. Discover now