Final

1.2K 136 75
                                    

"အရုပ်လေး....မင်းကိုယ့်အနားမှာရှိတာ ကိုယ်သိတယ်နော်....."

စာကြည့်ခန်းမှာစာဖတ်နေသော ရှောင်းကျန့်တယောက် ကိုယ့်အနားကို တယောက်ယောက် လာရပ်လိုက်သလို လေကဟုန့်ခနဲဖြစ်သွားတာမို့ စာဖတ်နေရင်းမှ ပြောလိုက်သည်။

တခစ်ခစ်ရယ်မောသံလေးနဲ့အတူ ပေါင်ပေါ်မှာနင့်ခနဲလေးသွားသလို ရင်ဘတ်ပေါ်တခုခုမှီသလိုခံစားရရင်းကနေ ရိပေါ်ရဲ့ပုံရိပ်လေးက ထင်းလာသည်။

"ရိပေါ်လာမှန်း ဦးကဘယ်လိုသိလဲ...."

"မသိဘဲလား ကလေးရယ်....ကိုယ်က မင်းကိုနှလုံးသားနဲ့ခံစားနေတဲ့သူပါကွယ်...."

ဖတ်လက်စစာအုပ်ကို ဘေးမှာချလို့ သူ့ပေါင်ပေါ်ထိုင်နေသည့် ပုံရိပ်ယောင်လေးကို ချစ်မဝစွာကြည့်ရင်း ရှောင်းကျန့်ဖြေလိုက်မိသည်။

မိမိကို ဝိဉာည်ဖြစ်နေတာတောင် ချစ်မြတ်နိုးလွန်းသည့် ချစ်ရသူဦးရဲ့မျက်နှာကိုငေးကြည့်ရင်း ရိပေါ်အတွေးများနေရသည်။

ပါးပါးကျန်းဝူကျိက သူပိုင်သည့်အတွင်းပစ္စည်းများနဲ့ရှယ်ယာများကို အကိုယွီပင်းနဲ့လက်ထပ်သွားသော စစ်ကြွေးကို အမွေအဖြစ်ပေးခဲ့သလို ဘာမှမသက်ဆိုင်ပေမဲ့ဦးအတွက် ကျန်းအိမ်တော်ကို အမွေပေးခဲ့သည် ။

ဦးက ပေကျင်းမှာရှိတဲ့သူ့ရဲ့ companyကို ကိုကိုleoထံသို့ရောင်းချလိုက်ပြီး ကိုကို့ဆီမှာပဲ ရှယ်ယာထည့်ထားကာ တိဗက်မှာပဲ အခြေချတော့သည်။တနှစ်တခါတော့ ဦးလေးဟောက်ရွှမ်းတို့စုံတွဲ၊ဦးလေးဟိုက်ခွမ်းတို့စုံတွဲ၊အကိုဟိုက်ဆန်းတို့ညီအကိုတို့နဲ့အတူ ဖေဖေနဲ့ကိုကိုက တိဗက်ကိုအလည်လာတက်ကြသည်။ဦးကတော့ ဒီကလွဲ၍တခြားဘယ်နေရာမှမသွားတော့ကာ ရှယ်ယာအမြတ်အစွန်းရသမျှကို အလှုအတန်းတွေလုပ်ရင်း အိမ်မှာသာရိပေါ်နဲ့အတူရှိနေ‌သည်။

"ဦး...ဘဝကိုတယောက်ထဲကြီး ဖြတ်သန်းရတာ အထီးမကျန်ဘူးလားဟင်...."

"ကိုယ်တယောက်ထဲလို့ ဘယ်သူကပြောလဲ....ကိုယ့်အနားမှာ အရုပ်လေးရှိရင် ကိုယ့်အတွက်အရာအားလုံးပြည့်စုံနေပြီ...."

"ဒါမဲ့ဦးရယ် ဦးလဲအရွယ်ရှိသေးတာပဲ....အိမ်ထောင်တခုကို တည်ထောင်ပြီး နေသွားသင့်တာ...မမယန်...."

Happy GhostWhere stories live. Discover now