Chapter 27

719 90 63
                                    

ဖေဖေပြောပြ၍သာ အမွှာညီအကိုဟုသိရတယ်ဆိုပေမဲ့လဲ တခါမှမမြင်ဖူးခဲ့သော ညီငယ်လေးရဲ့ဓာတ်ပုံလေးကို လက်လေးနဲ့ခပ်ဖွဖွထိတို့ကာ ကြည့်နေသော Leo။ဓာတ်ပုံထဲမှာတော့ leoနဲ့တရုပ်ထဲတူပြီး ဆံပင်ဝါဝါအုပ်အုပ်လေးများ လွင့်ဝဲနေအောင်ထိ ရယ်မောပြုံးရွှင်နေသည့် ညီငယ်လေးရဲ့ အပြုံးလေးတွေက အသက်ဝင်ကာ ချစ်စဖွယ်ကောင်းလွန်းသည်။

*ညီလေးရယ်....နောက်ဘဝဆိုတာရှိလာခဲ့ရင် ကိုကိုတို့မိသားစုတွေ အတူတကွနေထိူင်ပါရစေလို့ ကိုကိုဆုတောင်းပါတယ်ကွာ....*

ဘာပြောပြော တအူတုံးဆင်းညီအကိုအရင်းများမို့ မြင်ဖူးသည်ဖြစ်စေ မမြင်ဖူးသည်ဖြစ်စေ ငါ့ညီလေးဆိုတဲ့အသိနဲ့တင် leoရင်ထဲမှာ လှိုက်ခါနေအောင်ခံစားရပါသည်။‌ ဆေးအရှိန်နဲ့ အိပ်ပျော်နေသောဖေဖေကတော့ သူ့သားငယ်လေးရဲ့ဓာတ်ပုံလေးကို ရင်ခွင်ထဲပွေ့ပိုက်ထားရှာသည်။ဖခင်တယောက်ရဲ့သောကအပူတွေက ဘယ်တောင်ဖိစီးရှာသည်မသိ...နေ့ချင်းမှာပင် ပင်ပန်းအိုစာသွားသည်။

တိဗက်သို့အလာတုန်းကတော့ leoတို့သားအဖနှစ်ယောက်လုံးမှာ နှစ်ပေါင်းများစွာပျောက်ဆုံးနေသော မိသားစုဝင်လေးနဲ့ပြန်လည်ဆုံဆည်းရမည်မို့ တက်ကြွပျော်ရွှင်ခဲ့ကြရသည်။အခုတော့...အခုတော့ ပေကျင်းကိုပြန်ဖို့ရာ ခွန်အားတွေမဲ့ကြရသည်။

တသက်လုံးကြွေးမွေးစောင့်ရှောက်ခဲ့ရသော ရိပေါ်လေးရဲ့ မွေးစား‌အဖေဆိုရင် ဘယ်လောက်တောင်ထိခိုက်ခံစားရမည်ဆိုတာ leoကိုယ်ချင်းစာမိသည်။ဦးလေးကျန်းကတော့ လားမားဘုန်းတော်ကြီးကျောင်းမှာပဲ ရာသက်ပန်ယောဂီဝတ်လို့ ရင်ထဲကသောကအပူမီးတွေကို တရားဓမ္မနဲ့ငြိမ်းသက်နေတော့သည်။

အိပ်ပျော်နေသောအဖေနဲ့ ငိုနေသောအကိုဖြစ်သူကို တံခါးပေါက်ကနေ ရပ်ကြည့်နေသောရိပေါ်လေးရဲ့ မျက်ဝန်းတွေမှာလဲ မျက်ရည်စများနဲ့ပြည့်နှက်နေသည်။တသက်လုံးမိဘအရင်းကိုမသိခဲ့ရပေမဲ့ ‌ပါးပါးက ရိပေါ်ကို သားအရင်းလိုပြုစုစောင့်ရှောက်ခဲ့သည်။အချိန်လွန်ကာမှ မိဘအရင်းကိုပြန်တွေ့ရသည်တဲ့လေ...အဘယ်မျှရင်နာဖို့ကောင်းလိုက်သနည်း။

Happy GhostWhere stories live. Discover now