Chapter 14

706 90 61
                                    

ဒီနေ့ ဦးလေးလန်ရဲ့ အသုဘချမဲ့နေ့မို့ ဂေဟာမှာရှိကြသူတိုင်း အလုပ်များနေကြသလို ငိုတဲ့သူကငို နေကြသည်။သို့ပေမဲ့ ခြံဝန်းဒေါင့်က သစ်ပင်ကြီးအောက်မှာ ဟောက်ရွှမ်းနဲ့ဟိုက်ဆန်းက သူတို့နဲ့မသက်ဆိုင်သည့်အလားခေါင်းချင်းဆိုင်လို့ တီးတိုးတိုင်ပင်ကြသည်။

"နားလည်လား ငါပြောချင်တာကို.....အဲ့လိုသာဆို ပွဲသိမ်းပြီ...."

ဟိုက်ဆန်းနား,နားတိုးတိုးလေးကပ်ပြောလိုက်ပြီး နားလည်လားမေးနေတဲ့ ဟောက်ရွှမ်းက အကြံစည်တခုခု‌နဲ့မျက်နှာမှာ ဝင့်ကြွားမှုအပြည့်။

ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည့် ဟိုက်ဆန်းက

"ဟုတ်....ဟုတ်...ဘာ..ဘာ...ဘာပြောလိုက်တာလဲ...."

တောက်ပစွာပြုံးနေသည့် ဟောက်ရွှမ်းမှာ ဝင့်ကြွားမှုတွေပျောက်ဆူံးကုန်ရကာ မျက်နှာကြီးကရှုံ့မဲ့လို့သွားရသည်။

"သေချာနားထောင်.....@#$&$@@$....."

"ဪ...ဪ....သ..သ..သဘောပေါက်ပြီ....ဟီး ဟီး...."

တဟီးဟီးရယ်ကာ လက်နှစ်ဖက်နဲ့ အသည်းပုံလုပ်ပြနေသည့် ဟိုက်ဆန်းအား မျက်ခူံးတဖက်ပင့်လို့ ဂုဏ်ဆာသလိုနဲ့ ဟောက်ရွှမ်းပြုံးပြလိုက်မိသည်။ဟောက်ရွှမ်းကြံရင် ဘယ်သူခံနိုင်ဦးမှာမို့လဲကွာ....ဟင်း...ဟင်း...။

ပြောဆိုတိုင်ပင်ပြီး ထိုနေရာကနေ ဟိုက်ဆန်းပုခုံးက်ိုဖက်ကာ လှည့်ထွက်လာခဲ့တော့

"ဘုရားသခင်...." "အား...."

ဟောက်ရွှမ်းမှာ သူ့ရှေ့မှာရပ်နေတဲ့ ဟိုကောင့်အရုပ်လေးကြောင့် ရင်ဘတ်ဖိလို့ ဘုရားတမိသည်အထိ လန့်ဖြန့်သွားရသည်။

"ရိပေါ်လေး....ဘာရပ်လုပ်နေတာလဲ...."

စိမ်းစိမ်းကြီးကြည့်နေသည့် ရိပေါ်ကြောင့် ဟောက်ရွှမ်းမျက်နှာချိုသွေးလို့ သွားဖြဲပြနေပေမဲ့ စကားတခွန်းမှမဆိုဘဲ လှည့်ထွက်သွားသည့် ရိပေါ်ကြောင့် နှစ်ယောက်သား ကြောင်သွားကြရ၏။

"လောရှည်ရဲ့လင်လို့မပြောရဘူး....ချေမိုးသွားလိုက်တာ...."

သူတို့ကို ဘာစကားမှမ‌ပြောဘဲ တရွေ့ရွေ့ထွက်သွားတဲ့ ရိပေါ်ကျောပြင်လေးကိုကြည့်ရင်း မဲ့ရွဲ့ကာ ဟောက်ရွှမ်းပြောနေပေမဲ့

Happy GhostWhere stories live. Discover now