Chapter-2

3.9K 347 21
                                    

Unicode

စကားတပြောပြောဖြင့် ကျောခိုင်းပြီးထွက်သွားတဲ့ ကျိုးချန်ကောနဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်စိတ်ညစ်ငြူးစွာနဲ့ ဆံပင်တွေကိုထိုးဖွလိုက်မိသည်။ ရှောင်းကျန့်က ဘာကိစ္စကြောင့် ဒီအိမ်ရောင်းမှာကို လုံးဝလက်မခံချင်ရတာလဲ။ တကယ်ဆို သူနဲ့ကိုယ့်ကြားမှာ ဘာခံစားချက်မှရှိတော့တာမှမဟုတ်ပါပဲလေ။

"ရှောင်းကျန့်ကိုကိုက နင့်ကိုချစ်နေသေးလို့ဖြစ်မှာပေါ့"

တစ်ယောက်ထဲအတွေးလွန်နေရင်း အရှေ့တည့်တည့်မှာ ဘွားခနဲပေါ်လာတဲ့တုဖေးကြောင့် လန့်သွားတဲ့စိတ်ကိုထိန်းရင်း မျက်နှာကိုတစ်ဖက်လှည့်လိုက်ကာ

"ငါ့ရှေ့မှာ အဲ့လို ရုတ်တရက်ကြီးပေါ်မလာပါနဲ့လို့ ဘယ်နှခါပြောရမလဲ ပြီးတော့.. မပြောမဆိုနဲ့ ငါ့စိတ်ထဲကို ဝင်မဖတ်စမ်းနဲ့"

သူငေါက်လိုက်တော့ တုဖေးက မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့ကာ ကုပ်ကုပ်လေးရပ်နေလေသည်။ ဒီလိုကျပြန်တော့လည်း စိတ်မကောင်း။ သူ့ခမျာ ရိပေါ်ကိုပဲ အားကိုးပြီးနေ,နေရတာမဟုတ်လား။

"ရှောင်းကျန့်ကိုကိုအပေါ်မှာ နင်ဘာခံစားချက်မှမရှိတော့ဘူးဆိုတာသေချာပြီလား"

တုဖေးစကားအဆုံး ရိပေါ်မျက်နှာတစ်ချက်ပျက်သွားပေမယ့် ချက်ချင်း ပြန်တည်တင်းလိုက်ရင်း

"သူကတိမတည်ဘူး ....သူငါ့ကို သစ္စာဖောက်တယ်"

ရိပေါ်ရဲ့မျက်ဝန်းထဲမှာ မခံမရပ်နိူင်ဖြစ်ခြင်းနှင့်အတူ နာကျည်းရိပ်တွေပါတရေးရေးမြင်နေရသည်။

"ငါတောင်းပန်ပါတယ် ရိပေါ်.. ငါ့ကြောင့် ..."

"နင်နဲ့မဆိုင်ပါဘူး ....ငါတို့နှစ်ယောက်ရဲ့ရေစက်က ဒီလောက်ပဲရှိလို့ဖြစ်မှာပါ"

မျက်ဝန်းထဲမှာ မျက်ရည်တွေရစ်သိုင်းကာ သူ့ကိုခပ်ယဲ့ယဲ့ပြုံးပြရင်း ထွက်သွားတဲ့ရိပေါ်ကိုကြည့်ရင်း တုဖေးမျက်ရည်တွေတာကျိုးသလိုစီးကျလာလေသည်။ တုဖေး ရိပေါ်ကို သနားလိုက်တာ အီး ဟီး...။

✿ ✿ ✿

အခန်းထဲကို ခြေချလိုက်တာနဲ့ အမှတ်တရတွေတပုံတပင်က သူ့ကိုဆီးကြိုသည်။ သူတို့နှစ်ယောက်ရဲ့အချစ်တွေက ဒီလိုလွယ်လွယ်နဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။

The Most Beautiful Couple[Completed]Where stories live. Discover now