Chapter-19

2.4K 221 22
                                    

Unicode

"ကိုကို့ မြန်မြန်လျှောက်ပါလို့ဆို။ တော်ကြာမမှီပဲနေမယ်"

သူ့လက်မောင်းတစ်ဖက်ကိုဆွဲရင်း အလောတကြီးပြောလာတဲ့ရိပေါ်ကြောင့် နာရီကိုခပ်သွက်သွက်ပတ်လိုက်ရင်း ရိပေါ်ဆွဲခေါ်ရာနောက်ပါသွားရပြန်သည်။

"ဘာကမမှီမှာလဲရိပေါ်ရဲ့.. အခုမှအစောကြီးရှိသေးတာကို"

ကိုကို့စကားကြားတော့မှ ရိပေါ်ကိုယ့်ကိုယ်ကို အရှိန်ပြန်ထိန်းလိုက်မိသည်။ အမှန်တော့ ရိပေါ်ကိုလုပ်ကြံတဲ့သူက ဖန်ကျင်းအာမှန်းသိပြီးသားပေမယ့် ဒီအတိုင်းကြီးကိုကို့ကိုပြောပြလိုက်ဖို့ကျ အထောက်အထားမရှိပဲ စွပ်စွဲသလိုဖြစ်မှာစိုးသည်။

ရိုက်ကူးရေးအဖွဲ့ကလည်း ကိုကို့ရဲ့ကျန်းမာရေးကိုသာ အဓိကအာရုံစိုက်ပြီး သစ်ကိုင်းပြုတ်ကျတဲ့ကိစ္စကို မတော်တဆလောက်သာသတ်မှတ်ထားတာမို့ စုံစမ်းမယ့်ပုံမရှိပေ။ ကိုကိုကလည်း တရားခံကိုမတွေ့မချင်းစိတ်အေးမယ့်ပုံမပေါ်တာမို့ ကိုကို့ကိုသာ ထိုလူ့ဆီခေါ်သွားပြီး ဖြစ်စဉ်အမှန်ကို ကိုယ်တိုင်ကိုယ်ကျနားထောင်စေဖို့ စိတ်ကူးထားသည်။

အခုလည်း တုဖေးပြောပြချက်အရ ဖန်ကျင်းအာက ထိုလူ့ကို အခြားမြို့မှာ ရှောင်နေခိုင်းဖို့ပြောနေတာမို့ ထိုလူထွက်မသွားခင် သူတို့အချိန်မှီရောက်မှဖြစ်မည်။ ဒါပေမယ့် သူ့ဘက်က လောကြီးနတေဲ့စိတ်ကြောင့် ခဏတဖြုတ်သတ်လွတ်သွားတာနဲ့ ကိုကိုကသံသယဝင်နေပုံရတာမို့ ကိုကို့လက်မောင်းကို တွဲခိုလိုက်ရင်း

"ရွာထဲမှာ နေတဲ့သူတွေဆိုတော့ အကယ်၍သားကောင်ဖမ်းတာတို့ ထင်းခုတ်ထွက်သွားတာတို့မျိုးဆို ကျွန်တော်တို့နဲ့လွဲမှာစိုးလို့လေ ... အဲ့တာကြောင့်ပါ"

မျက်လုံးလေးဝင့်လို့ နှုတ်ခမ်းတထော်ထော်နဲ့ လူကြီးလေးလိုမျိုးပြောနေတဲ့ရိပေါ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း ဆံပင်လေးတွေကို အသာဖွပေးကာ လက်ချင်းတွဲလို့ နှစ်ယောက်သားထွက်လာမိသည်။

✿ ✿ ✿

"ဟိုတစ်ယောက် တစ်လက်စတည်း ငါ့အတွက်ပူတင်းလေးတစ်ဗူးလောက်ယူပေးပါလား"

The Most Beautiful Couple[Completed]Where stories live. Discover now