Chapter-20

2.4K 209 17
                                    

Unicode

"အား.. ကျွတ်စ် ကျွတ်စ်"

မျက်လုံးဖွင့်လိုက်တာနဲ့ ခေါင်းကတဆစ်ဆစ်ထိုးကိုက်လာတဲ့ဒဏ်ကို ခံစားလိုက်ရတာမို့ လက်တစ်ဖက်ဖြင့် ခေါင်းကိုဖိထားရင်း ထထိုင်လိုက်မိသည်။ သူတစ်ညလုံး စားပွဲပေါ်မှာခေါင်းတင်ပြီး အိပ်ပျော်သွားတာလား။ သေချာကြည့်တော့မှ သူရောက်နေတာက သူ့အခန်းမဟုတ်မှန်းသတိပြုမိတာမို့ ဘေးပတ်လည်ကိုလိုက်ကြည့်နေရင်း ညကအကြောင်းတွေ ခေါင်းထဲတရေးရေးပေါ်လာလေသည်။

ညက ဟိုကောင်ရှင်းဟန်နဲ့အတူ အရက်သောက်ရင်း အိပ်ပျော်သွားတဲ့ပုံပါပဲ။ သူကမူးလာရင် သွေးဆိုးရုံမကပဲ လုပ်ခဲ့သမျှဘာမှမမှတ်မိတတ်တာမို့ သူတစ်ခုခုများအမှားလုပ်ခဲ့မိမှာကို စိုးရိမ်မိသေးသည်။ အခန်းထဲမှာ သူ့အပြင်ဘယ်သူမှမတွေ့ရတာမို့ လှည့်ပတ်ကြည့်နေရင်း ဘောင်းဘီအိတ်ထဲက ဖုန်းသံမြည်လာတာမို့ ကြည့်လိုက်တော့ ရှောင်းကျန့်ဖြစ်နေလေသည်။

ဒီကောင်မနေ့က ဘယ်ကိုသွားမယ်ဆိုတာလည်း သေချာမပြောခဲ့ပဲ ရိပေါ်နဲ့အတူ တစ်နေကုန်ပျောက်နေတာမဟုတ်လား။

"အရေးကြီးကိစ္စပြောစရာရှိလို့ ငါတို့အခန်းကိုအမြန်လာခဲ့"

တိုတိုတုပ်တုပ်ပြောပြီး ချသွားတဲ့ဖုန်းကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။ ရှောင်းကျန့်တို့က ဖြစ်လိုက်ရင်အသည်းအသန်ချည်းပင်။ အသံကိုနားထောင်ကြည့်ရသလောက်တော့ အတော်လေး အလျင်လိုနေပုံရသည်။ ဧကန္န နှစ်ယောက်သားရန်ဖြစ်ထားကြပြန်တာများလား။ 

"အရင်နေ့က ရိုက်ကူးရေးလုပ်နေစဉ်အတွင်း ရိပေါ်ကိုလုပ်ကြံတဲ့သူကိုငါသိရပြီ ကျိုးချန်"

အခန်းထဲရောက်တာနဲ့ ဆိုင်းမဆင့်ဗုံမဆင့်ကြားလိုက်ရတဲ့စကားကြောင့် နဂိုထဲကနောက်ကျိနေတဲ့ခေါင်းပင် ရှုပ်ထွေးသွားမိသည်။

"ရိပေါ်ကိုလုပ်ကြံတယ်.. ဘယ်တုန်းကလဲ။ ငါလည်းမသိရပါလား"

အူတူတူမျက်နှာနဲ့ အလန့်တကြားပြန်မေးနေတဲ့ကျိုးချန်ကြောင့် ရှောင်းကျန့်မရှည်ချင်တဲ့စိတ်ကို မနည်းဆွဲဆန့်ထားရသည်။ ဟုတ်သား ....အဲ့ဒီနေ့က လုပ်ကြံတဲ့သူရှိတဲ့အကြောင်း ဒီကောင့်ကိုမှ မပြောပြရသေးတာ။ ကျိုးချန်လည်း အခြားလူတွေအားလုံးထင်နေသလို ရိုက်ကူးရေးလုပ်နေစဉ်အတောအတွင်း မတော်တဆဖြစ်တာလောက်လို့ပဲ သိထားတာ။

The Most Beautiful Couple[Completed]Where stories live. Discover now