Chapter-21

2.3K 243 51
                                    

Unicode

"လူယုတ်မာ.. ပြောပြီးကတိမတည်တဲ့လူ"

အရင်တစ်ခါတွေ့ပြီးထဲက မတော်တဆသူနဲ့လမ်းမှာတွေ့ရင်တောင် ရှောင်သွားတတ်တဲ့ရိပေါ်ဘက်က ထူးထူးဆန်းဆန်းစပြီးဆက်သွယ်လာတာမို့ အိမ်နေရင်းအဝတ်အစားပင်မလဲနိူင်ပဲ ကမ်းခြေဖက်ကို ထွက်လာခဲ့တာ။ အခုတော့ ဘာကိုပေါက်ကွဲနေမှန်းမသိတဲ့ရိပေါ်က သူ့ကိုမြင်တာနဲ့ ဒေါသတကြီးပြောဆိုရင်း သူ့မျက်နှာကိုလက်သီးနဲ့ထိုးချလိုက်တာမို့ မျက်နှာပင်လည်ထွက်သွားရသည်။

"ခင်ဗျားအဲ့လောက်တောင်ပဲ အောက်တန်းကျရလား။ ခင်ဗျားဒီလိုလုပ်လိုက်တာနဲ့ ကျွန်တော်က ခင်ဗျားဘက်ကိုစိတ်ယိုင်လာမယ်လို့တွေးထားတာလား"

နှုတ်ခမ်းထောင့်က ကွဲသွားတဲ့နေရာက သွေးစိမ့်ထွက်လာတာမို့ လက်မဖြင့်ဖိသုတ်လိုက်ရင်း ရိပေါ်ပြောတဲ့စကားတွေရဲ့အနက်ကို အပြေးအလွှားအဓိပ္ပါယ်ဖွင့်ရသည်။ ရိပေါ်မျက်နှာကိုကြည့်လိုက်တော့လည်း မျက်ခမ်းစပ်တွေနီရဲကာ အထင်သေးရွံရှာဟန်ဖြင့် သူ့ကိုစိုက်ကြည့်နေလေသည်။

"ကိုယ်တော့ ရိပေါ်ပြောတာတွေဘာတစ်ခုမှ နားမလည်တော့ဘူး"

"ခင်ဗျားအခုမှ မသိချင်ယောင်ဆောင်မနေနဲ့။ ခင်ဗျားလုပ်ရပ်က ဘယ်လောက်တောင်အောက်တန်းကျလဲဆိုတာ ခင်ဗျားမျက်လုံးနဲ့သေချာကြည့်"

ရိပေါ်ကဒေါသတကြီးပြောပြီးတာနဲ့ လက်ထဲကဖုန်းနဲ့ သူ့ရင်ဘတ်ကိုပစ်ပေါက်လိုက်တာမို့ အောက်ကျသွားတဲ့ဖုန်းကို ပြန်ကောက်ယူပြီးကြည့်မိတော့ မြင်လိုက်ရတဲ့အရာကြောင့် သူအံ့သြရလွန်းလို့ ပြောစရာစကားပင်ပျောက်ရှနေမိသည်။

"ဒါ.. ဒါတွေက ...."

ရိပေါ်နဲ့ရှောင်းကျန့်တို့ ကွာရှားထားတယ်ဆိုတဲ့အကြောင်းကို ပရိတ်သတ်တွေသိသွားကြတာလား။ စိတ်ဆိုးဒေါသထွက်နေတဲ့ပရိတ်သတ်တွေက ရိပေါ်တို့နှစ်ယောက်ကို ဆဲဆိုထားကြသည်မှာလည်း မနည်းမနောပင်။

"ကိုယ်မဟုတ်ဘူးရိပေါ်။ ဒါကိုယ်လုပ်တာမဟုတ်ဘူး"

သူ့စကားအဆုံး ရိပေါ်ကခေါင်းကိုအပေါ်မော့လို့ ခပ်ဟဟရယ်လိုက်ရင်း

The Most Beautiful Couple[Completed]Where stories live. Discover now