Chapter-22

2.3K 224 42
                                    

Unicode

ရိပေါ်ရဲ့မားနဲ့ပါးက လော့ယန်မှာအလုပ်ကိစ္စတွေမပြတ်သေးတာမို့ လေယာဉ်နဲ့ချက်ချင်းပြန်သွားပေမယ့် ရှန်ဟိုင်းမှာတင်နေတဲ့ ရှောင်းမားနဲ့ရှောင်းပါးကတော့ ရိပေါ်တို့ကို စိတ်မချလို့ဆိုပြီး အိမ်မှာရက်အနည်းငယ်လောက်နေကြဦးမှာမို့ ဧည့်သည်တွေအတွက်ပြင်ဆင်ထားတဲ့အခန်းကို သွားပြင်ဆင်ပေးနေရင်း ရှောင်းမားကသူ့နားမှာ မယောင်မလည်နဲ့ဟိုလျှောက်ဒီလျှောက်လုပ်နေပြီး တစ်ခုခုပြောချင်နေသည့်ပုံဖြင့် သူ့ကိုတစ်ချက်တစ်ချက်လှမ်းကြည့်နေတာမို့

"သားကို ပြောစရာဖြစ်ဖြစ်ရှိလို့လားမား"

"အော်.. ဘာရယ်မဟုတ်ပါဘူး။ ခုနကထမင်းစားတုန်းက ရှောင်းကျန့်ကိုမတွေ့မိလို့"

"ကိုကိုက အရေးကြီးကိစ္စရှိလို့ဆိုပြီး ကျိုးချန်ကောခေါ်လို့ထွက်သွားတယ်မားရဲ့။ တစ်ခုခုလိုတာရှိရင် သားကိုပြောလေ"

ခေါင်းအုံးအစွပ်တွေကို လဲပေးနေရင်းကနေ ပြောမိတော့ ရှောင်းမားကလက်တကာကာဖြင့် အနားရောက်လာပြီး ရိပေါ်လက်ထဲက ခေါင်းအုံးကိုအသာလှမ်းယူကာ

"မဟုတ်တာကွယ်..။ သားငယ်လေးလည်းပင်ပန်းနေမှာပဲ။ စောစောအိပ်တော့ .... ကျန်တာမားဆက်လုပ်လိုက်မယ်"

အိပ်ယာပြင်ပေးတာလည်း ပြီးသလောက်ဖြစ်နေပြီမို့ ရှောင်းမားရဲ့အပြောကို ခေါင်းညိမ့်ပြလိုက်ရင်း ထိုအခန်းထဲကထွက်လာလိုက်သည်။ မားတို့က အရမ်းခေတ်နောက်ကျတဲ့အထဲမပါတာမို့ လတ်တလောအင်တာနက်ပေါ်မှာပွက်လောရိုက်နေမယ့်အဖြစ်ကို သိမှာဖြစ်သလို လေဆိပ်မှာရိပေါ်တို့ကြိုဆိုခံရပုံကိုလည်း မြင်ပြီးလောက်မှာဖြစ်သည်။

သူတို့ကိုအားနာလို့သာ မမေးရက်လို့သာ ပါးစပ်ကနေ ထုတ်မပေးပေမယ့် စိတ်ပူနေမယ်ဆိုတာ သိသည်။ သူကိုယ်တိုင်တောင်ရှေ့ဆက်ပြီး ဘာတွေဖြစ်မယ်ဆိုတာ သေချာမတွေးတတ်တော့တာမို့ မားတို့ကိုနှစ်သိမ့်ပေးဖို့က ဝေးကွာလွန်းသည်။ ကိုကိုသာဆိုရင် အများကြီးရှင်းပြတတ်မှာ။

ကိုကို့အကြောင်းတွေးမိကာမှ နာရီကိုလှမ်းကြည့်လိုက်တော့ ညဆယ်နာရီပင်ထိုးနေပြီမို့ ကိုကို့ဆီဖုန်းဆက်ဖို့ပြင်လိုက်ပေမယ့် တကယ်လို့အလုပ်ရှုပ်နေတယ်ဆို သူ့ကြောင့်အနှောက်အယှက်ဖြစ်မှာစိုးတာမို့ ခဏလောက်တော့ထပ်ပြီး စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

The Most Beautiful Couple[Completed]Where stories live. Discover now