Chapter-15

2.3K 225 40
                                    

Uni

"ပြောစရာရှိတယ်ဆိုတာဘာလဲ"

မျက်စိတစ်ဆုံးကျယ်ပြောတဲ့ အမှောင်ထုကြားက တစ်ချက်တစ်ချက်ထွက်လာတတ်တဲ့ လှိုင်းသံတဝုန်းဝုန်းကို မျက်လုံးစုံမှိတ်လို့ နားစွင့်နေရင်း အနောက်ကနေထွက်လာတဲ့ ဆူအောင့်အောင့်စကားသံလေးကြောင့် ဟက်ခနဲရယ်လိုက်ရင်း

"ရိပေါ်က တကယ်ရက်စက်တာပဲ"

သူ့စကားအဆုံး စိတ်ရှုပ်သလိုမျက်မှောင်လေးကြုပ်လို့ ကြည့်လာတဲ့အကောင်ငယ်လေးကြောင့် အသည်းယားစွာဖြင့် အောက်နှုတ်ခမ်းကိုအသာကိုက်လိုက်မိသည်။

"ကိုယ်ရောက်လာတာက မင်းကိုအဲ့လောက်တောင် စိတ်ညစ်စေတာလား"

သူ့မျက်နှာကိုကြည့်လို့ ခပ်ဖျော့ဖျော့ပြောလာတဲ့စကားကြောင့် ရိပေါ်ကျစ်ခနဲစုတ်သတ်လိုက်ရင်း

"ကိုကိုကစိတ်ပူနေမှာမို့ တကယ်လို့ ပြောစရာမရှိဘူးဆိုလည်း ခွင့်ပြုပါဦး"

"ဟန်ဆောင်နေရတာ မပင်ပန်းဘူးလားရိပေါ် "

စိတ်တိုတိုနဲ့လှည့်ထွက်လာရင်း အနောက်ကနေကြားလိုက်ရတဲ့ စကားသံကြောင့် ရိပေါ်အလန့်တကြားဖြင့် လှည့်ကြည့်လိုက်မိသည်။ အဆက်အစပ်မရှိတဲ့စကားဆိုပေမယ့် ဘာကိုပြောချင်သလဲဆိုတာ ရိပေါ်ကောင်းကောင်းသိနေသည်။

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"ပါတီပွဲညတုန်းက ရိပေါ်တို့နှစ်ယောက် ကိုယ့်ကြောင့်နဲ့ပြဿနာတက်သွားတာမို့ ပြန်တောင်းပန်ဖို့အတွက် နောက်ရက်ရိပေါ်တို့အိမ်လာရင်း အမှတ်မထင် ရိပေါ်တို့နှစ်ယောက်ပြောနေတာ ကြားခဲ့တာ။ ကိုယ်တမင်တကာ ခိုးနားထောင်ခဲ့တာမဟုတ်ပေမယ့် အမှတ်မထင် ကြားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်ရိပေါ် "

အကိုလီယွင်စကားပြောနေစဉ်အတွင်း ရိပေါ်စိတ်လှုပ်ရှားလွန်းလို့် အသက်ရှူပင်အောင့်ထားမိသည်။ သူတို့နှစ်ယောက်ကိစ္စကို ကျိုးချန်ကောအပြင် အပြင်လူတစ်ယောက်သိနေတယ်ဆိုတဲ့ အသိကရိပေါ်ကို အများကြီးတုန်လှုပ်စေသည်။ ပြီးတော့ အဲ့ဒီလူကလည်း အကိုလီယွင်လိုလူမှဖြစ်နေရတယ်လို့။

The Most Beautiful Couple[Completed]Where stories live. Discover now