Chapter-16

2.5K 243 51
                                    

Unicode

"ဝမ်ရိပေါ် ဘယ်လိုနေသေးလဲ"

အခန်းတံခါးဖွင့်လိုက်တာနဲ့ ကုတင်ပေါ်မှာအိပ်နေရာကနေထလာပြီး အလောတကြီးမေးနေတဲ့ရှောင်းကျန့်ကြောင့် ကျိုးချန်မျက်နှာကိုတစ်ဖက်လွှဲထားလိုက်ရင်း ထိုင်ခုံမှာဝင်ထိုင်လိုက်ကာ

"သိချင်ရင် ကိုယ်တိုင်သွားကြည့်ပါလား။ ရိပေါ်က နိုးလာတာနဲ့မင်းကိုမေးနေတာ"

သူ့စကားအဆုံး ရှောင်းကျန့်ကဟင်းခနဲသက်ပြင်းချရင်း သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လေသည်။

"ပြီးခဲ့တဲ့ညက လီယွင်ငါတို့နေတဲ့နေရာအထိလိုက်လာတယ်။ ပြီးတော့ ငါတားနေတဲ့ကြားက ဝမ်ရိပေါ်ကသူနဲ့သွားတွေ့တယ်။ မင်းဆိုရင်ရော ဘယ်လိုနေမလဲ"

"မင်းအခုရိပေါ်ကို သဝန်တိုနေတာလား"

"ဝမ်ရိပေါ်က ငါ့ကိုသွေးအေးအေးနဲ့သတ်နေသလိုပဲ။ သူ့အနားကိုရောက်သွားတိုင်း ငါ့ကိုယ်ငါအသုံးမဝင်တဲ့လူပိုတစ်ယောက်လိုခံစားရတာ။ အဲ့ဒီခံစားချက်ကို မင်းသိလား"

စိတ်ပျက်လက်ပျက်နဲ့ပြောနေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ကျိုးချန်ခေါင်းခါလိုက်မိသည်။ ဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်ကြပါရက်နဲ့ ဘာတွေဘယ်လိုလွဲနေကြမှန်း သူနားမလည်နိူင်တော့ဘူး။

"မင်းဒီလိုကြီးထိုင်နေမယ့်အစား ရိပေါ်ကိုပွင့်ပွင့်လင်းလင်းမေးကြည့်ပါလား။ ငါ့အထင် ရိပေါ်ကလည်း မင်းကိုအခုချိန်ထိ ချစ်နေတုန်းပါပဲကွ"

ကျိုးချန်ရဲ့စကားကြောင့် ရှောင်းကျန့်ဟက်ခနဲရယ်လိုက်မိသည်။ သူမေးကြည့်ခဲ့ဖူးတာပဲ။ ဝမ်ရိပေါ်ကဖြေရှင်းချက်ပေးရမယ့်အစား ကွာရှင်းဖို့အကြောင်းကိုပဲ ထုတ်ပြောလာခဲ့တာမဟုတ်လား။

"မင်းနားမလည်ပါဘူး ကျိုးချန်ရာ... ငါသွားပြီ"

ကျိုးချန်ပုခုံးကို ခပ်သာသာပုတ်ရင်း လှည့်ထွက်လာမိသည်။ ဝမ်ရိပေါ်သတိရလာတဲ့အချိန်အထိ သူနေပေးချင်ပေမယ့် သူ့ကိုထပ်ပြီးတွန်းထုတ်မယ့်စကားတွေကို မလိုချင်တော့တာမို့ ရိုက်ကူးရေးအဖွဲ့နဲ့ တခြားကျွန်းကိုထွက်သွားတယ်ဆိုကာ ကျိုးချန်ကနေတစ်ဆင့်ပြောခိုင်းပြီး သူကတော့ကျိုးချန်အခန်းထဲမှာ လာနေ,နေခြင်းဖြစ်သည်။

The Most Beautiful Couple[Completed]Where stories live. Discover now