Chapter-3

3.2K 257 24
                                    

Unicode

"ရိပေါ် ဒီမှာခဏနေခဲ့ဦးနော်.. ကိုယ်ပိုက်ဆံသွားရှင်းလိုက်ဦးမယ်"

ရိပေါ်ကို ကားရပ်ထားတဲ့နေရာအထိ လိုက်ပို့ပေးပြီး ဆေးရုံထဲကို သုတ်တီးသုတ်ပြာနဲ့ပြန်ဝင်သွားတဲ့ ကိုကို့ကိုကြည့်ပြီး ရိပေါ်သဘောတကျရယ်လိုက်မိသည်။

ကားထဲဝင်ဖို့ လုပ်ခါနီးမှ ရိပေါ်နဲ့မလှမ်းမကမ်းက ခုံတန်းရှည်လေးမှာ ကျောပေးထိုင်ကာ အခြားကလေးတွေဆော့တာကို ထိုင်ကြည့်နေတဲ့ ကလေးလေးတစ်ယောက်ကြောင့် ထိုနားကို လျှောက်သွားလိုက်ရင်း

"ဘာလို့ သူတို့နဲ့သွားမဆော့တာလဲ ကလေး"

"သားမှာ မျက်လုံးမှမရှိတာ ဘယ်လိုသွားဆော့ရမလဲ"

ရိပေါ်ဘက်ကိုလှည့်လာတဲ့ မျက်နှာနဲ့အတူ ကြားလိုက်ရတဲ့စကားကြောင့် ရိပေါ်လန့်ဖြန့်ကာ အနောက်ကို ဖင်ထိုင်ရက်သားလဲကျသွားပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားမိသည်။ အကြောင်းအရင်းမှာ သူ့ဘက်ကိုလှည့်လာတဲ့ ကလေးရဲ့မျက်နှာက ပြာနှမ်းပြီး မျက်လုံးနှစ်ဖက်နေရာက ဟောင်းလောင်းပေါက်ကြီးဖြစ်နေတာကြောင့် ဖြစ်သည်။

"ရိပေါ်.. ရိပေါ် ... ဘာဖြစ်လို့လဲ ....ဘယ်နေရာက နာနေလို့လဲ"

"ဟင် ....ကိုကို ကိုကို"

သူ့နာမည်ကို တကြော်ကြော်အော်ရင်း ရင်ခွင်ထဲကို အတင်းတိုးဝင်လာတဲ့ ကလေးငယ်ကိုပြန်လည်ထွေးပွေ့ရင်း ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးနေမိသည်။ ကလေးက အရှင်းနေမကောင်းသေးတာကို သူတစ်ယောက်ထဲထားခဲ့မိပြန်ပြီ။

✿ ✿ ✿

နေရာတိုင်းလိုလိုမှာ ဝိဉာဉ်တွေကို သူမြင်နေရသည်။ ရှောပင်းမောမှာ၊ ကော်ဖီဆိုင်မှာ၊ လမ်းတွေမှာ၊ ကားပေါ်မှာ၊ နောက်ဆုံး ရိပေါ်တို့အိမ်မှာပါ ဝိဉာဉ်တွေကိုမြင်နေရသည်။ တစ်ချို့က အကူအညီတောင်းဖို့အတွက် ရိပေါ်ဆီချဉ်းကပ်လာပေမယ့် အချို့ကတော့ ခြောက်လှန့်ဖို့အတွက် ရိပေါ်ရှေ့မှာ ကိုယ်ထင်ပြကြသည်။

အကူအညီလိုနေတဲ့ဝိဉာဉ်နဲ့ ဆိုးသွမ်းတဲ့ဝိဉာဉ်တွေကို ခွဲခြားတာက ရိပေါ်အတွက်တော့ အင်မတန်ခက်ခဲသည်။ ကူညီပေးဖို့အတွက် အိမ်အထိခေါ်လာပြီးမှ ရိပေါ်ရှေ့ရုပ်ပျက်ဆင်းပျက်ပုံစံကို ပြပြီး ခြောက်လှန့်တတ်ကြတာမို့ ရိပေါ်အိမ်မှာတစ်ယောက်ထဲနေရမှာကို အရမ်းကြောက်မိသည်။

The Most Beautiful Couple[Completed]Where stories live. Discover now