OSOL 1 {U+Z}

16.4K 574 1
                                    

Unicode

နံနက်၉နာရီ...

လမ်းမထက်အရှိန်နဲ့ပြေးလွှားနေတဲ့ဆိုင်ကယ်တစ်စီး
မောင်းနှင်လာတဲ့လူမှာလည်းတစ်ကိုယ်လုံးကိုအနက်ရောင်ဝတ်ဆင်ထားပြီး
ဆိုင်ကယ်မှာလည်းနောက်ဆုံးပေါ်Yamaha ဆိုင်ကယ်အနက်ရောင်ဖြစ်သည်

အရှိန်နဲ့ပြေးလွှားနေတဲ့ဆိုင်ကယ်ဟာလမ်းချိုးတစ်ခုထဲကိုဆက်လက်ချိုးဝင်သွားခဲ့တယ်....

လူချမ်းသာတွေနေတဲ့ရပ်ကွက်ဖြစ်တာကြောင့်တစ်ခြံနဲ့တစ်ခြံအလှမ်းဝေးကာတိတ်ဆိတ်မှုသာကြီးစိုးနေတယ်

ထိုအချိန်အရှိန်နဲ့မောင်းဝင်လာတဲ့ဆိုင်ကယ်ဟာလမ်းတစ်လျှောက်ဖြတ်ပြေးသွားတယ်

ခြံတစ်ခြံရှေ့ကိုရောက်သွားတဲ့အခါမှာတော့အရှိန်ကိုရပ်တန့်လိုက်မှုကြောင့်
တုန့် ခနဲရပ်တန့်သွားတော့သည်....

ဆိုင်ကယ်ပေါ်ကလူရွယ်ဟာသူရောက်နေတာကိုအသိပေးရန်အလို့ငှာဆိုင်ကယ်ဟွန်းကိုအသံကုန်ဖိနှိပ်လိုက်တယ်

ဆိုင်ကယ်ဟွန်းသံကြောင့်ချက်ချင်းပင်ခြံစောင့်ကခြံတံခါးကိုလာဖွင့်ပေးတယ်
ခြံစောင့်ဟာတံခါးဖွင့်ပေးနေရင်းနဲ့ဆိုင်ကယ်ပေါ်ကသခင်လေးကိုကြောက်ရွံ့စွာကြည့်မိတယ်

အေးစက်နေတဲ့ပတ်ဝန်းကျင်ကြောင့်သူကြောက်လန့်စွာခြံတံခါးကိုအလျင်အမြန်ဖွင့်နေမိသည်

ဒီတိုင်းနေရင်တောင် Dominant Alpha တစ်ယောက်ရဲ့အရှိန်အဝါတွေကိုအပြည့်အဝခံစားနေရတဲ့ သူတို့ရဲ့သခင်လေးက A နိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်Wang Gpရဲ့အငယ်ဆုံးသား
သခင်လေး ဝမ်ရိပေါ်ဖြစ်သည်

သခင်လေးကပတ်ဝန်းကျင်ကိုဥပေက္ခာပြုထားတတ်သူဖြစ်ပြီးသူထင်ရာသူလုပ်တတ်တဲ့တဇွတ်ထိုးသမား။
ဖြစ်ချင်လာရင်ရအောင်လုပ်တတ်ပြီးလိုချင်တာရှိရင်လည်းမရရအောင်ယူတတ်တဲ့လူမျိုး
သူလုပ်သမျှပြဿနာတိုင်းကိုတားမဲ့သူရှိလားဆိုတော့လည်းအစ်မဖြစ်သူကိုယ်တိုင်ကိုကငွေထုပ်ပိုက်ပြီးလိုက်လံဖြေရှင်းပေးသည်။

Wang Groupရဲ့သခင်လေးဟာဆိုးတယ်ဆိုရင်သခင်မလေးကတော့သွေးအေးတဲ့လူမျိုးဖြစ်တယ်
မောင်ပြုလုပ်သမျှကိုအနောက်ကနေအကုန်သွေးအေးစွာဖယ်ရှားပေးမည်ဖြစ်သည်။

Other Side Of Love  (Complete)حيث تعيش القصص. اكتشف الآن