OSOL 26 {U+Z}

3.6K 214 5
                                    

Unicode

Zweynin Cafe(ရေးချင်ရာရေး)

”ကျဲဘယ်လိုလုပ်မှာလဲ....ဒီကိစ္စကိုဟိုဘက်ကရိပ်မိနေပြီထင်တယ်...”

”ဟက်! ရိပ်မိလည်းဘာဖြစ်လည်းသိပ်မကြာတော့ပါဘူး...သူတို့လုပ်ခဲ့သလိုမျိုးတန်ပြန်ခံစားမှုမျိုးရတော့မှာပါ...”

”ဒါဆိုဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ...”

”သူမကြာခင်အလုပ်ကိစ္စနဲ့ခရီးထွက်ရလိမ့်မယ်...အဲ့ဒီ့အချိန်မှာကိစ္စတွေကိုအကောင်အထည်ဖော်ရမယ်...”

”ကျဲတကယ်ဖြစ်မှာပါနော်...”

”စိတ်သာချပါ..ဒီကိစ္စကသေချာပါတယ်...ကျဲတို့မောင်နှစ်မနှစ်ယောက်ခံစားခဲ့ရသလိုမျိုးသူတို့ကိုလည်းခံစားစေချင်တယ်...”

”ဟုတ်ကဲ့ပါကျဲ...ကျဲကိုယ့်ကိုကိုယ်ဂရုစိုက်ပါ...သူကလျှော့တွက်လို့ရတဲ့သူမဟုတ်ဘူးနော်ကျဲ...”

”ကျဲကိုစိတ်မပူပါနဲ့.....မင်းသာကိုယ့်ကိုကိုယ်ဂရုစိုက်ပါဟန်ဆောင်ထားတာလွယ်လွယ်နဲ့မပေါ်စေနဲ့ကြားလား...”

”ဟုတ်ကဲ့ပါကျဲ...ကျွန်တော်ဂရုစိုက်ပါတယ်...စိတ်မပူပါနဲ့”

”ကောင်းပြီ ခဏပါဘဲ...ပြီးရင်တော့ကျဲတို့ပိုင်ဆိုင်တာကျဲတို့ပြန်ရတော့မှာပါ...ပြီးတော့ကျဲတို့မိဘတွေအတွက်လည်းသူတို့ပြန်လည်ပေးဆပ်စေရမယ်,....”

”ဟုတ်ကဲ့ပါကျဲ...အဲ့ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး...ကျွန်တော်ထွက်လာတာကြာနေပြီမို့သူသံသယဝင်သွားလိမ့်မယ်...”

”ကောင်းပြီ...ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ...”

”ကျဲရောဘဲ...”

ဆိုင်ထဲမှစကားပြောပြီးထွက်သွားကြသူနှစ်ဦးဟာသူတို့ကိုတစ်နေရာမှကင်မရာတစ်လုံးဖြင့်မှတ်တမ်းယူထားလိုက်သည်ကိုတော့သတိမထားမိ.....

.................
နှစ်ပတ်ခန့်ကြာသော်....

ရှောင်းကျန့်ဒီနေ့ကသားနဲ့ကျောင်းပိတ်ရက်မို့ကစားကွင်းသွားဖို့ပြင်နေကြသည်....
Leo Wangကအလုပ်ကိစ္စကြောင့်ကျဲနှင့်အတူSwitzerlandကိုသွားသည်မှာနှစ်ပတ်လောက်ရှိပြီဖြစ်တာကြောင့်သူလည်းအိမ်မှာခဏအနားရနေသည်...

Other Side Of Love  (Complete)Where stories live. Discover now