OSOL 25 {U+Z}

3.5K 208 8
                                    

Unicode

****************************
စိတ်ယူးယဥ်Ficတစ်ပုဒ်ဖြစ်ပါတယ်...အမှန်တကယ်အပြင်မှာမရှိနိုင်ပါဘူးနော်..
ပြီးတော့လေဇာတ်လမ်းကိုနည်းနည်းရှုပ်သွားကြမယ်ထင်ပါတယ်..အမှန်တကယ်တော့ကိုယ်လည်းအစကဇာတ်လမ်းကိုဒီလိုလုပ်ဖို့စီစဥ်ခဲ့တာမဟုတ်ပါဘူး...အရှေ့ပိုင်းတွေမှာရိပေါ်ကိုသေပြီလို့ပြောခဲ့တာကပထမစဥ်းစားထားတဲ့အကြောင်းအရာပါ..ဒါပေမဲ့ရိပေါ်ကိုမသေစေချင်ဘူးဆိုလို့ကိုယ်ကဇာတ်လမ်းကိုပြောင်းပစ်လိုက်လို့ပါ...ရှုပ်သွားမယ်ဆိုရင်တောင်းပန်ပါတယ်ရှင့်ကိုယ့်ရဲ့အရေးအသားလိုအပ်မှုကြောင့်ပါ🙏🙏🙏
*****************************

ဝမ်အိမ်တော်....

”အဲ့တာဆိုရင်...ဝမ်ရိပေါ်ကတကယ်မသေဘဲဟန်ဆောင်ခဲ့တာလား....”

”ဟုတ်တယ်...ရှောင်းကိုယ်ကတကယ်တော့မသေခဲ့ပါဘူး...ကိုယ့်ရဲ့ဦးနှောက်ကင်ဆာကကုလို့ရခဲ့တယ်...ဒါပေမဲ့ကုသရမဲ့ဆေးကစျေးကွက်ထဲမှာရောင်းချဖို့တော့အဆင်သင့်မဖြစ်သေးဘူး...ဒါကြောင့်စမ်းသပ်ဖို့လူတစ်ယောက်လိုခဲ့တယ်...ပြီးတော့ကိုယ်ကလည်းစမ်းသပ်ဖို့အခြေအနေတွေနဲ့ပြည့်စုံခဲ့တာကြောင့်ကိုယ်လက်ခံခဲ့တယ်...ဒါပေမဲ့လည်းအသက်ရှင်ဖို့အာမခံချက်မရှိတာကြောင့်...ကိုယ်ကဒီလိုဇာတ်လမ်းမျိုးလုပ်ပြီးဟန်ဆောင်ခဲ့တာ...ဒီကိစ္စတွေကိုကျဲနဲ့.မားကိုတောင်အသိမပေးခဲ့တာမလို့....ကိုယ်တောင်းပန်ပါတယ်ရှောင်း...ကိုယ်မင်းကိုမပြောခဲ့မိတာတောင်းပန်ပါတယ်....ကိုယ်ကြိုပြောခဲ့လို့တစ်ခုခုဖြစ်သွားရင်မင်းပိုပြီးခံစားရမှာစိုးလို့ပါ.....”

”ခဏလေးပါဝမ်ရိပေါ်...အဲ့ဒါဆိုရင်မင်းကသေချင်ယောင်ဆောင်ခဲ့ပြီးနိုင်ငံခြားမှာဆေးသွားကုနေတာပေါ့...ဒါဆိုဘာလို့ဒီ့ထက်စောစောမပြန်ခဲ့တာလဲ....”

”အဲ့တာက ကိုယ့်ကိုဆေးနဲ့ကုပေးတာကတစ်နှစ်လောက်ဘဲကြာတာပါ...ဒါပေမဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်ကိုယ်သုံးနှစ်လောက်ဆေးရုံပေါ်မှာလှဲနေခဲ့ရတယ်ပြန်နိုးလာတော့လည်း..အရင်လိုပြန်ဖြစ်ဖို့ကိုယ်အချိန်ယူခဲ့ရတယ်...ကိုယ်အမြဲရှောင်းနဲ့သားရဲ့ကိစ္စတွေကို နားထောင်နေခဲ့တာပါ...ကိုယ်မင်းတို့ကိုအရမ်းလွမ်းနေခဲ့ရတာပါ....”

Other Side Of Love  (Complete)Where stories live. Discover now