OSOL 30 {U+Z}Final

6.8K 217 7
                                    

Unicode

၁နှစ်ခန့်ကြာသော်.....

”အမှတ်၃၀၄၁ လင်ရှင်းမေ ဧည့်တွေ့လာတယ်....”

ရှင်းမေဒီနှစ်တွေအတွင်းမှာသူ့ကိုလာတွေ့တဲ့သူဘယ်သူမှမရှိခဲ့....သူ့ရဲ့မောင်လေးကလည်းသူနဲ့တူတူထောင်ဒဏ်ကျခဲ့တာကြောင့်လာတွေ့ဖို့မဖြစ်နိုင်....သူလည်းဘယ်သူလဲဆိုတာသိချင်တာကြောင့်တွေ့ရမဲ့နေရာကိုရောက်တော့တွေ့လိုက်ရတာက.....

ဝမ်မျိုးရိုးနဲ့ရှောင်းမျိုးရိုး.....

”မင်းတို့နှစ်ယောက်ဒီကိုဘာလာလုပ်ကြတာလဲ....”

ရှောင်းကျန့်မောင်နဲ့အတူ၁နှစ်အကြာမှာဒီကိုရောက်လာခဲ့ရသည်....

”ပြောစရာလေးရှိလို့ပါ...ကျဲရှင်းမေ...”

”ဟက်!ဘာကိစ္စမလို့လဲ....ဒီလို၁နှစ်အကြာမှတကူးတကလာပြောရတယ်ဆိုတော့....”

”တကယ်တော့ကျဲရဲ့အဖေနဲ့ပတ်သတ်နေတဲ့အရာပါ....”

”ဟမ်!!ငါ့ဒယ်ဒီနဲ့ပတ်သတ်တာ...”

”ဟုတ်ပါတယ်ကျဲ...ကျဲအဖေနဲ့ပတ်သတ်တဲ့ဟာပါ....ဒီမှာပါဒါကကျဲအဖေနောက်ဆုံးချန်ခဲ့တဲ့စာပါ...ဒီစာကိုကျွန်တော်တို့လည်းအခုမှသိရလို့ကျဲကိုသိစေချင်လို့ပါ....…”

ရှင်းမေ ဒယ်ဒီ့ရဲ့နောက်ဆုံးချန်ခဲ့တဲ့စာဟုဆိုတာကြောင့်အလျင်အမြန်ယူ၍ဖတ်ကြည့်မိသည်.......

”သမီးလေး..ရှင်းမေ...အသက်ရှင်နေဦးမယ်ဆိုတာဒယ်ဒီသိပါတယ်....
သမီးလေးဒီစာကိုဖတ်နေတဲ့အချိန်မှာဒယ်ဒီကဒီလောကကြီးထဲမှာမရှိနိုင်တော့ဘူး.ဒယ်ဒီသမီးလေးတို့ကိုအရမ်းချစ်တာသိတယ်မလား...ဒယ်ဒီသိပါတယ်မကောင်းတဲ့လူတွေကြောင့်ဒယ်ဒီတို့မိသားစုလေးပျက်စီးခဲ့ရတယ်ဆိုတာ....​ဒါပေမယ့်လက်စားချေတယ်ဆိုတာမျိုးကိုတော့ဒယ်ဒီမလုပ်စေချင်ဘူး...ကလဲ့စားချေတယ်ဆိုတာမျိုးကကိုယ်ကိုယ်တိုင်ကိုလည်းပူလောင်စေနိုင်တာမျိုးမို့ဒယ်ဒီ့ရဲ့သားနဲ့သမီးကိုကျန်ရှိတဲ့ဘဝမှာအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့နေသွားစေချင်တယ်....ဒါကဒယ်ဒီ့ရဲ့နောက်ဆုံးစကားပါ...ဒယ်ဒီနောင်ဘဝကျရင်လည်းသားနဲ့သမီးတို့ရဲ့ဒယ်ဒီဘဲပြန်ဖြစ်ချင်ပါတယ်...အဲ့ဒီ့အခါကျရင်ဒယ်ဒီတို့ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော်....

Other Side Of Love  (Complete)Where stories live. Discover now