🚨OSOL 28🚨{U+Z}

5.2K 204 9
                                    

Unicode

အမှောင်ကနည်းနည်းဘဲပါတာမလို့
အဆင်မပြေရင်အောက်ပိုင်းနည်းနည်းကျော်ဖတ်လိုက်ပါ...ဇာတ်လမ်းအကြောင်းမပါတာမို့ရပါတယ်....

*************************
တကယ်တော့‌ ရှေ့တစ်ပိုင်းထဲရေးရမှာကိုတင်ပေးချင်စိတ်များသွားလို့ရေးဖို့မေ့သွားတယ်....အရှေ့အပိုင်းမှာပါခဲ့တဲ့ထောင်ဒဏ်တွေငွေကြေးအလွဲသုံးစားလုပ်တာတို့ငွေဖြူငွေမည်းတို့ဆိုတာကအကုန်ကိုယ့်ရဲ့စိတ်ကူးတွေပါနော်...အပြင်မှာအဲ့ဒီ့အမှုမှာအဲ့ဒီ့ထောင်ဒဏ်ဆိုတာကဟုတ်လားမဟုတ်လားမသိပါဘူး...ဥပဒေဆိုတာအရမ်းအလှမ်းဝေးတဲ့အရာမလို့ပါ...တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိခဲ့ရင်စော်ကားလိုစိတ်မရှိဘူးဆိုတာပြောပါရစေ....
**********************&****

နံနက်ခင်းအလင်းရောင်ဖြစ်တဲ့နေရောင်ခြည်ဖျော့ဖျော့ဟာပြတင်းတံခါးကိုဖြတ်လို့ဖြည်းညှင်းစွာတိုက်ခတ်နေတဲ့လေပြည်လေးနဲ့အတူလိုက်ကာစလေးကိုတလွင့်လွင့်လှုပ်ခတ်စေလို့အခန်းတစ်ခုတွင်းကိုဝင်ရောက်လာခဲ့သည်.....

အခန်းထဲကကုတင်တစ်ခုအပေါ်မှာတော့လူတစ်ယောက်လဲလျောင်းနေပြီးအသက်ရှုပိုက်နဲ့အတူလက်မှာလည်းဆေးပိုက်တွေသွယ်တန်းထားသေးသည်.....

ကုတင်ရဲ့ဘေးတစ်ဖက်ခုံပေါ်မှာတော့လူတစ်ယောက်ထိုင်နေပြီးကုတင်ပေါ်မှာလှဲနေတဲ့သူကိုဝမ်းနည်းပြီးတောင်းပန်နေတဲ့မျက်လုံးတွေနဲ့ငြိမ်သက်စွာထိုင်ကြည့်နေသည်.....

တစ်ဖန်ကြည့်နေရင်းမှကုတင်ပေါ်မှာလှဲနေတဲ့လူရဲ့လက်ကိုအသာအယာကိုင်လိုက်ပုံဟာနူးညံ့ပြီးတန်ဖိုးရှိတဲ့အရာမျိုးကိုထိလိုက်ရုံနဲ့ပဲ့ကြွေသွားမဲ့အလားတယုတယရှိလှသည်...ထိုအရာကိုကြည့်ခြင်းအားဖြင့်ကုတင်ပေါ်ရှိလူဟာသူ့အတွက်ဘယ်လောက်အရေးပါနေလဲဆိုတာသိနိုင်ပေသည်.....လက်လေးကိုကိုင်လို့တိုးဖွဖွနဲ့စကားလုံးတစ်ချို့ကိုလည်းရေရွတ်နေသေးသည်......

”နိုးလာပါတော့ရှောင်းရာ....ရှောင်းအပေါ်ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေကအရမ်းများနေပြီ....အဲ့ဒါကြောင့်ရှောင်းကိုယ့်ကိုအပြစ်ပေးဖို့နိုးလာပါတော့နော်....ရှောင်းကိုမျှော်နေတဲ့သူတွေရှိတယ်လေ....သားကလည်းရှောင်းကိုအရမ်းသတိရနေပြီရှောင်းရ....ပြီးတော့ကိုယ်လည်းရှောင်းကိုအရမ်းလွမ်းနေပြီ.....”

Other Side Of Love  (Complete)Where stories live. Discover now