OSOL 6 {U+Z}

4.6K 367 2
                                    

Unicode

ရှောင်းကျန့် ဂျူတီချိန်ပြီးသွားတာကြောင့်အိမ်ကိုပြန်ဖို့ပြင်လိုက်တော့သည်။
သူတစ်ပတ်လုံးဆက်တိုက်ဂျူတီဆင်းထားတာကြောင့်အရမ်းပင်ပန်းနေပြီပင်။အခုတော့နားရက်လေးတစ်ရက်ကိုအိမ်မှာအပြည့်အဝအနားယူရမည်။
သူဆေးရုံကနေပြန်ဖို့ဆေးရုံဝကိုရောက်တော့ကားနှစ်စီးကပိတ်ရပ်လာတာမို့ခဏစောင့်နေမိတုန်းကားထဲကထွက်လာမည့်သူကိုစူးစမ်းနေမိသည်။

ဒီAနိုင်ငံမှာဒီလိုကားမျိုးစီးနိုင်တဲ့လူကလက်ချိုးရေလို့ရသည်ပင်။ဒါကြောင့်သူစူးစမ်းမိခြင်း။သူကြည့်နေတုန်းမှာဘဲကားပေါ်ကဆင်းလာတဲ့အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။တစ်ကိုယ်လုံးမှာဝတ်ဆင်ထားတာတွေဟာတန်ဖိုးကြီးအရာတွေသာဖြစ်သည်။

ပုံစံကိုကြည့်ရတာကတော့ငွေ
ဂုဏ်မောက်မဲ့ပုံစံမျိုးပင်။ထားပါဒါကသူနဲ့မဆိုင်ပါဘူး။ဒါပေမဲ့ဒီအမျိုးသမီးကဆေးရုံကိုဘာလာလုပ်တာပါလိမ့်။သူတွေးနေတုန်းမှာပင်ကျိုးချန်ကသူ့အနား
ရောက်လာကာသူ့ကိုမေးလာသည်။

”ရှောင်းကျန့် မင်းအခုထိမပြန်ရသေးဘူးလား”

”ဟုတ်တယ်ငါအခုပြန်မလို့ဒါနဲ့မင်းခုနကဆေးရုံထဲဝင်သွားတဲ့အမျိုးသမီးကိုသိလား”

”သိတာပေါ့ကွ အဲ့ဒါဒီဆေးရုံပိုင်ရှင်Wang Groupကသခင်မလေးလေ”

”ဟမ် အဲ့တာWang Groupက”

”ဟုတ်တယ်အဲ့ဒါWang Groupမင်းAlphaကြီးရဲ့အမ မကြာခင်တော်ရတော့မယ့်ခယ်မပေါ့ ဟား ဟား”

”ဟေ့ကောင် လာနောက်မနေနဲ့ဘာမင်းAlphaကြီးလည်းတခြားသူတွေကြားသွားရင်တစ်မျိုးထင်နေကြဦးမယ်။ဒီတိုင်းနေရင်းတောင်အမျိုးမျိုးပြောနေကြတာကို။မင်းလည်းငါ့စိတ်ကိုသိရဲ့သားနဲ့။”

”ဟ ဟ ဟုတ်ပါပြီကွာငါကနောက်လိုက်တာပါ ဝမ်သခင်မလေးဆေးရုံကိုလာရတဲ့အကြောင်းအရင်းက...”

ပြောရင်းအသံတိုးသွားတဲ့ကျိုးချန်ကြောင့်ကြည့်လိုက်မိတော့တောင်ကြည့်လိုက်မြောက်ကြည့်လိုက်လုပ်ပြီးမှသူ့နားကိုကပ်လာတာကြောင့်

Other Side Of Love  (Complete)Where stories live. Discover now