OSOL 2 {U+Z}

6.9K 458 5
                                    

Unicode

ရိပေါ်ဒီနေ့တော့ဘယ်မှမသွားရဘဲအိမ်မှာဘဲနေနေရသည်။
အကြောင်းကတော့ဒီနေ့ကမားMedical Check Upလုပ်ရမည့်နေ့ဖြစ်သည်။

မားကဒယ်ဒီဆုံးပြီးထဲကကျန်းမာရေးသိပ်မကောင်း။
ဒါကြောင့်တစ်လတစ်ခါမားကိုဆေးရုံမှာMedical check up လုပ်ပေးနေကြဖြစ်တယ်။အရင်ဆိုကျဲနဲ့အမြဲသွားပေမဲ့ဒီနေ့ကတော့ကျဲကအရေးကြီးMeetingရှိနေတာကြောင့်သူကမားနဲ့လိုက်ပေးရမည်ဖြစ်တယ်။

ရိပေါ်ကားပေါ်မှာမားကိုစောင့်နေတုန်းဝင်လာတဲ့ဖုန်းကြောင့်ကြည့်လိုက်တော့ဟောက်ရွှမ်းသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆိုလည်းဟုတ်သည်။

"Hello ဟေ့ကောင်ဘာလဲပြော"

"ဟ ရိပေါ် လေသံကမာလိုက်ချည်လားကွ မင်းဒီနေ့ငါတို့နဲ့ချိန်းထားပြီးမေ့နေတာလား"

ရိပေါ် ဟောက်ရွှမ်းရဲ့အပြောကြောင့်သူမနေ့ကချိန်းခဲ့တာကိုသတိရသွားမိသည်။
သူကျစ် စုပ်လိုက်ကာမလာနိုင်တဲ့အကြောင်းကိုဆက်ပြောလိုက်သည်။

"ဟာ ကျစ် ဟုတ်သားဘဲငါမေ့သွားတာ
ဒါပေမယ့်ငါအခုတော့မအားသေးဘူး။မားကိုဆေးရုံလိုက်ပို့ပေးရမှာမလို့ညမှတွေ့ကျမယ်ဟေ့ကောင်"

"ကောင်းပြီလေ အဲ့ဒါဆိုလည်းညမှပေါ့
အဲ့ဆိုဒါဘဲဟေ့ကောင်ညကျရင်သွားနေကျClubဘဲနော် bye"

ဟောက်ရွှမ်းနဲ့ဖုန်းပြောပြီးတာနဲ့မားက ကားပေါ်တတ်လာတာကြောင့်

"သွားတော့မယ်နော်မား"

"အွန်း သား သွားနေကြ‌ဆေးရုံကိုဘဲ"

"ဟုတ် မား"

ရိပေါ်လည်းဆေးရုံရှေ့ရောက်တာနဲ့ကားကိုစက်သပ်လိုက်ကာ

"မား အရင်ဆင်းနှင့်လိုက် ကျွန်တော် car parking မှာကားသွားထားလိုက်ဦးမယ်"

"ဟုတ်ပြီသားအဲ့ဆိုမားသွားနှင့်မယ်"

ရိပေါ် ကားပေါ်က‌နေ မားဆင်းပြီးဆေးရုံထဲဝင်သွားတာနဲ့ကားကိုparking ဆီမောင်းလိုက်တော့သည်။
ရိပေါ် ကားရပ်ပြီးဆေးရုံထဲဝင်လာတော့မားကစစ်ဆေးမယ့်အခန်းထဲဝင်ရောက်နေပြီဖြစ်သည်။

Other Side Of Love  (Complete)Where stories live. Discover now