OSOL 19 {U+Z}

3.4K 232 6
                                    

Unicode
ရှောင်းကျန့်အိပ်နေတုန်းမှာဘဲဗိုက်ထဲကနာလာတာကြောင့်နိုးလာသည်။ပထမတော့ခဏတဖြုတ်နာရုံဘဲထင်မိလို့ကြိတ်ခံမိနေပေမဲ့နာတာကစိတ်လာတာကြောင့်သူလည်းနောက်ဆုံးမခံနိုင်တော့တဲ့အတွက်သူ့ဘေးမှာအိပ်ပျော်နေတဲ့ဝမ်ရိပေါ်ကိုနှိုးလိုက်တော့သည်။

”ဝမ်ရိပေါ် ဝမ်ရိပေါ်..... ”

ရိပေါ်သူအိပ်ပျော်နေတုန်းမှာဘဲသူ့ကိုတစ်ယောက်ယောက်ခေါ်နေသံကြောင့်နိုးလာတော့ရှောင်းကနာကျင်နေပုံနဲ့သူ့ကိုနှိုးနေတာကိုသိလိုက်ရသည်။သူစိတ်ပူသွားပြီး

”ရှောင်းဘာဖြစ်လို့လဲဘယ်နားကနာနေလို့လဲ”

”အားးး အာ့ ဝမ်ရိပေါ်ငါ ငါဗိုက်နာလာလို့ကလေးမွေးချင်ပြီလားမသိဘူး။”

”ကလေးမွေးချင်တယ်ဒါပေမဲ့မွေးဖို့ကလိုသေးတယ်မလားရှောင်း…”

”အဲ့တာကိုငါကဘယ်လိုလို့သိမှာလဲဝမ်ရိပေါ်သူ့ဘာသာသူမွေးချင်လို့နာလာတာကိုမင်းစကားတွေများမနေနဲ့တော့ဆေးရုံသွားရမယ်!”

”ဟုတ် ဟုတ်တယ်ခဏနော်ရှောင်းကိုယ် ကိုယ်ကျဲနဲ့မားကိုသွားခေါ်....”

”ဝမ်ရိပေါ်!!မြန်မြန်လုပ်ဟ”

”အင်းပါရှောင်းခဏလေး”

ရိပေါ် ကျဲနဲ့မားကိုခေါ်လို့သူတို့နောက်ကိုပစ္စည်းတွေယူလို့လိုက်ခိုင်းလိုက်သည်။သူကတော့ရှောင်းကိုပွေ့ချီလို့ကားပေါ်တင်ကာဆေးရုံကိုအမြန်မောင်းရသည်။သူ့ရဲ့ရှောင်းကအရမ်းနာကျင်နေပုံရပါသည်။

”ဝမ်ရိပေါ်!မြန်မြန်လေးမောင်းပါ။ငါသေတော့မယ်”

”ခဏလေးပါရှောင်းရာခဏလေးသည်းခံနော်ကိုယ်လည်းအမြန်မောင်းနေပါတယ်။ဒီ့ထက်မြန်ရင်အန္တာရာယ်ရှိနိုင်လို့ပါ။ခဏလေးပါ”

Wang gpရဲ့ဆေးရုံရှေ့ကိုရောက်တာနဲ့ဆေးရုံအဝမှာတင်ဆေးရုံအုပ်နဲ့ဆရာဝန်တွေဟာအဆင်သင့်ရပ်စောင့်ပေးနေကြသည်။ဝမ်အိမ်တော်ရဲ့မျိုးဆက်လေးမွေးမှာကိုတော့ဘယ်သူမှအပြစ်မပြုရဲကြပေ။

ရိပေါ်ကားပေါ်ကနေရှောင်းကိုပွေ့ချီလို့ဆင်းလိုက်ပြီးအဆင်သင့်စောင့်နေတဲ့ကုတင်ပေါ်တင်လို့အရေးပေါ်ခန်းထဲရှောင်းဝင်သွားတဲ့အထိလိုက်ကြည့်မိသည်။။သူအရေးပေါ်ခန်းထဲလိုက်ဝင်မယ်လုပ်တော့တားလာတဲ့ဆရာဝန်ကြောင့်သူမျက်ထောင့်နီနဲ့ကြည့်ပေးလိုက်တော့ကြောက်သွားပုံပေါ်ပေမဲ့သူ့ကိုပေးမဝင်တာကြောင့်သူစိတ်ပျက်မိတယ်။

Other Side Of Love  (Complete)Where stories live. Discover now