OSOL 23 {U+Z}

3.3K 213 7
                                    

Unicode

*****************************
စိတ်ကူးယဉ်fictionတစ်ပုဒ်ဖြစ်ပါသည်ပါဝင်သောစကားလုံးအပြောအဆိုများသည်ဇာတ်လမ်းသဘောအရသာဖြစ်ပါသည်...Idolများအားထိခိုက်နစ်နာစေလိုခြင်းမရှိပါ....
************************

ရှောင်းကျန့်သားကိုကျောင်းကိုပို့ပြီးတာနဲ့ Leo Seanကိုကားမောင်းထွက်လာလိုက်တယ်....ဒီနေ့ကသူLeo Seanမှာပထမဆုံးအလုပ်လုပ်ပေးရမဲ့နေ့...သူဒီအကြောင်းကိုကျဲကိုပြန်ပြောပြတော့ကျဲကလက်မခံပေ...ငြင်းလိုက်လို့ပြောပေမဲ့သူကလက်ခံထားပြီးနေပြီ...ပြီးတော့လည်းသူကWang gpမှာဘာမှသိပ်မလုပ်ရပေ...အုပ်ချုပ်ရေးပိုင်းလောက်ဘဲဆိုတော့သူမရှိလည်းကျဲရှိနေတာဘဲဟုဆိုကာကျဲကိုခွင့်တောင်းရသည်...နောက်တော့ကျဲကလည်းသူ့ရဲ့တောင်းဆိုမှုတွေကြောင့်လက်ခံပေးသည်...ဒါပေမဲ့ပင်ပန်းတဲ့အလုပ် တွေခိုင်းပါကချက်ချင်းပြန်လာဖို့ပူးပေါင်းမှုစာချုပ်ကိုဖြတ်ဖို့မှာသေးသည်....

သူကုမ္ပဏီကိုရောက်တော့ကားပါကင်မှာကားရပ်ပြီးကုမ္ပဏီထဲဝင်လာခဲ့သည်..ဒါပေမဲ့ဟိုနေ့ကလိုသူ့ကိုဝိုင်းကြည့်နေတဲ့သူတွေမရှိတာကြောင့်နည်းနည်းတော့တော်ပါသေးတယ်လို့တွေးသညိ...မဟုတ်ရင်သူနေတတ်မှာမဟုတ်ပေ....

သူCEOအခန်းရှေ့ရောက်တော့မနေ့ကတွေ့ခဲ့တဲ့သူ့ပုံတော့မရှိတော့ပေ...ဒီလူပြောလို့ဆိုလို့တော့ရသားဘဲလို့တွေးမိသည်...သူ့ကိုတွေ့တော့အတွင်းရေးမှုးကမတ်တပ်ထလို့အရိုအသေပေးသည်....

"Boss အထဲမှာရှိပါတယ်...ဝင်သွားလိုက်ပါ..."

ရှောင်းကျန့်တံခါးကိုဖွင့်ကာဝင်သွားလိုက်တော့

"ရှောင်း...ရောက်လာပြီလား..."

"ဟုတ်ကဲ့မစ္စတာLeo..."

"ရှောင်းရာကိုယ့်ကိုအဲ့လိုမခေါ်ပါနဲ့ဆို wangလို့ခေါ်ပါ...."

"မသင့်တော်လို့ပါ...ပြီးတော့ကျွန်တော်တို့ကအဲ့လောက်လည်းမရင်းနှီးလို့ပါ..."

"ရှောင်းရာကိုယ်တို့ကမိတ်ဆွေတွေဘဲဟာခေါ်လို့ရပါတယ်ကွာနော်ခေါ်ကြည့်ပါ..."

နာမည်လေးခေါ်ပေးဖို့ကိုအတင်းအကျပ်ပြောနေသူကြောင့်ရှောင်းကျန့်စိတ်ကျဥ်းကျပ်မိတယ်....

Other Side Of Love  (Complete)Where stories live. Discover now