5-1

5.6K 397 19
                                    

ရွေးချယ်မှု

Kinn

ကျွန်တော် ဆိုဖာပေါ်မှာခြေချိတ်ထိုင်ရင်း လက်ထဲကသေနတ်ကိုဆော့နေမိပြီး တံခါးပေါ်မှာထွင်းထားတဲ့မာန်အပြည့်နဲ့နဂါးရုပ်ကိုကြည့်နေမိသည်။ အခု ကျွန်တော်အားကြိုးမာန်တက်စောင့်နေတဲ့လူက ကျွန်တော်အမဲလိုက်ပြီးကစားနေတဲ့လူပဲ။ 

"သူရောက်လာပြီ" ကျွန်တော့်သက်တော်စောင့်တွေထဲကတစ်ယောက်ဖြစ်တဲ့Bigက ကျွန်တော့်ကိုအကြောင်းကြားလာခဲ့သည်။

သိပ်မကြာခင်မှာပဲ တံခါးပွင့်သွားခဲ့ပြီး အရပ်ရှည်ရှည်နဲ့ပုံရိပ်တစ်ခုကတံခါးဝမှာရှိနေခဲ့သည်။ သူ့လက်မောင်းပေါ်မှာရှိနေတဲ့တက်တူးက ရှပ်အင်္ကျီအဖြူနဲ့မဟားတရားလိုက်ဖက်နေတာကြောင့် ကျွန်တော်နောက်တစ်ခေါက်ကြည့်လိုက်မိသည်။ တက်တူးပိုင်ရှင်ကအခန်းထဲဝင်လာခဲ့ပြီး အခန်းတစ်ခုလုံးကိုဝေ့ဝဲကြည့်ပြီးတဲ့အခါ ကျွန်တော့်ကိုစူးစူးရဲရဲစိုက်ကြည့်လာသည်။

"ထိုင်စမ်း"

Bigကသူ့ပုခုံးကိုတွန်းလိုက်ပြီး ကျွန်တော့်ရှေ့မှာရှိနေတဲ့ဆိုဖာပေါ်မှာအတင်းထိုင်ခိုင်းလိုက်သည်။

တိတ်ဆိတ်မှုကအခန်းကိုရစ်ပတ်ထားပြီး အခန်းထဲမှာရှိနေတဲ့လူဘယ်သူကမှအသံမထွက်ရဲသလို ကျွန်တော်ကလညိးစကားစမပြောဘူး။ ကျွန်တော်တို့နှစ်ယောက်ကအကြည့်ချင်းပြိုင်နေကြပြီး ဘယ်သူကမှအရှုံးပေးဖို့အစီအစဥ်မရှိဘူးထင်ပါရဲ့။

“မင်းလိုချင်တာကဘာလဲ" Porscheကအေးစက်နေတဲ့အသံနဲ့မေးလာပြီး သူ့မျက်ဝန်းတွေထဲမှာရှိနေကျယုံကြည်မှုတွေက ကျွန်တော်တစ်ခါမှမမြင်ဖူးခဲ့တဲ့သတိကြီးကြီးထားပြီးသံသယအပြည့်နဲ့မျက်ဝန်းတွေအဖြစ်ပြောင်းလဲနေခဲ့သည်။ သူကအမည်းရောင်မျက်နှာဖုံးတွေဝတ်ထားတဲ့သက်တော်စောင့်တွေကိုတစ်ချက်ကြည့်လိုက်ပြီး  သူ့မျက်နှာပေါ်မှာအဆင်မပြေမှုတွေရှိနေခဲ့ပုံထောက်တော့ အဲ့ဒီသက်တော်စောင့်တွေကိုကြောက်သွားတာပဲနေမယ်။

"အရင်ကလည်းပြောပြီးသားပဲ။ငါ့ဆီမှာအလုပ်လာလုပ်ပါဆိုနေ " ကျွန်တော်မျက်တောင်တစ်ချက်မခတ်ဘဲစိုက်ကြည့်ရင်းပြောလိုက်သည်။

HereTahanan ng mga kuwento. Tumuklas ngayon