6-1

4.4K 354 16
                                    

စာချုပ်

Porsche

ကျွန်တော့်အရှေ့မှာရှိနေတဲ့စာရွက်တွေကိုယူလိုက်ပြီး တစ်ကြောင်းချင်းစီအသေအချာဖတ်နေမိသည်။ ကျွန်တော့်ဘေးမှာရှိနေတဲ့လူကတော့ တည်ငြိမ်တဲ့မျက်နှာထားနဲ့ရှိနေခဲ့သည်။ ဘေးဘက်ကိုတစ်ချက်ကြည့်လိုက်တဲ့အခါ ခြေချိတ်ထိုင်ထားပြီး ကျွန်တော့်ကိုမကျေနပ်သလိုစိုက်ကြည့်နေတဲ့Kinnကိုတွေ့လိုက်ရသည်။ သူ့မျက်နှာကိုမြင်လိုက်ရချိန်မှာ ဒီအခြေအနေကနေထွက်ပြေးနိုင်အောင်အခန်းဝနားကပန်းအိုးကိုယူပြီးသူ့ခေါင်းကိုပေါက်ချင်နေတဲ့ကိုယ့်ကိုယ့်ကိုယ်မနည်းထိန်းထားလိုက်ရတာပဲ။

အခုချိန်မှာတော့ ဒီအလုပ်ကိုမလုပ်ဘူးဆိုတဲ့ကျွန်တော့်ရဲ့မူလဆုံးဖြတ်ချက်ကို ဒီအိမ်ရဲ့အဓိကစီနီယာခေါင်းဆောင်ဖြစ်တဲ့လူရဲ့အမိုက်စားကမ်းလှမ်းမှုကအပိုင်ယူသွားခဲ့သည်။တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီလူကအရမ်းအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဆိုတာသိသာနေတယ်လေ။Kinnရဲ့အဖေဖြစ်တဲ့Khun Kornက ကျွန်တော့်ကိုအသေအချာနားချနိုင်ခဲ့လေရဲ့။သူကမ်းလှမ်းတဲ့ကမ်းလှမ်းချက်အကြောင်းညလုံးပေါက်စဥ်းစားပြီးချိန်မှာတော့ ကျွန်တော်ဟာမနေ့ညကရောက်ခဲ့တဲ့နေရာကိုတစ်ခါပြန်ရောက်နေခဲ့ပြီဖြစ်သည်။အိမ်ရဲ့ထောင့်တိုင်းမှာစီတန်းနေတဲ့သက်တော်စောင့်တွေရှိပြီး အိမ်ကိုအလှဆင်ထားပုံကအဆင့်အတန်းမြင့်လွန်းတာကြောင့် ဒီလိုမျိုးဇိမ်ခံပစ္စည်းတွေက ကာစီနိုပိုင်ရှင် ဒါမှမဟုတ် မဟားတရားအောင်မြင်ပြီးသားစီးပွားရေးသမားတစ်​ယောက်ရဲ့အကြိုက်ပဲဆိုတာကိုသိလာရတယ်လေ။ ကျွန်တော်​တော့ နောက်ကျမှနည်းနည်းပါးပါးဒီနေရာကိုလေ့လာရတော့မှာပဲ။

"ပြောထားတာကိုသ​ဘောတူတယ်ဆိုရင် ဒီမှာလက်မှတ်ထိုးလို့ရပါပြီ" P'Chanက စာရွက်ပေါ်လက်ညှိုးထိုးရင်းပြောလာသည်။ စာရွက်တွေထဲမှာအသေးစိတ်ရေးထားတာကတော့ ကျွန်တော့်အတွက်အသက်အာမခံရှိတဲ့အကြောင်းရယ် ကျွန်တော်သာသေသွားခဲ့ရင် Cheက ကျွန်တော့်ပစ္စည်းတွေအကုန်လုံးကိုပိုင်ဆိုင်ရမဲ့သူဖြစ်တဲ့အပြင် အာမခံငွေကိုလည်းလက်ခံရရှိမယ်ဆိုတာပဲ။ဒီစာရွက်တွေကိုဆက်တိုက်ဖတ်နေရတာ ကျွန်တော့်မှာခေါင်းတောင်မူးချင်လာသလိုပဲ။ဒီလူတွေက ကျွန်တော့်ဆီကနေဘာတွေများမျှော်လင့်ထားကြတာလဲ။ နောက်ထပ်တွဲထားတဲ့စာရွက်တွေထဲမှာတော့ များပြားလှတဲ့စည်းမျဥ်းစည်းကမ်းတွေနဲ့လုပ်ဆောင်ချက်တွေ၊မျဥ်းတားထားတာကတော့ ဒီအိမ်ကိုဝင်လာတဲ့အချိန်နဲ့ထွက်သွားတဲ့အချိန်မှာလုပ်ဆောင်ရမဲ့အရာတွေအကုန်လုံးပဲ။ စာချုပ်ကအနည်းဆုံး1နှစ်အထိအကျုံးဝင်နေမှာဖြစ်ပြီး စာချုပ်ပျက်သွားရင် ဒဏ်ကြေးဘတ်နှစ်သိန်းဆောင်ရမယ်တဲ့။ အားလပ်ရက်တွေကတစ်ပတ်ကိုနှစ်ရက်ဖြစ်ပြီး အလုပ်ဆင်းရမဲ့ငါးရက်ကိုရွေးချယ်ခွင့်ရှိတယ်ဆိုပဲ။ဒါပေမဲ့ ဒီကိစ္စကပဲကျွန်တော့်အတွက်ပြဿနာကြီးဖြစ်နေတာလေ။

HereWhere stories live. Discover now