🍂Episode 3🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

2K 170 13
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"ချီပါ ဂျေးကို
Please Bear"

ငါက ကလေးတွေနဲ့ အနီးကပ်တခါမှ မထိတွေ့ခဲ့ဖူးဘူး။ဒီလိုကြီး ငါ့ကိုလာချွဲနေတော့ တမျိုးကြီးဖြစ်မနေဘူးလား?

ငါကြောက်တယ်..
ကလေးကိုလည်းမချီတတ်ဘူး..
ကလေးငိုမှာလည်းဆိုးတယ်..

🍂 Memorial Dates 🍂

အခုဆိုငါ ၁၉ နှစ်ပြည့်ပြီ...
English စာအထူးပြုနဲ့ပါရဂူဘွဲ့ပါရခဲ့ပြီးပြီ။Korea ဘာသာအထူးပြုဒီပလိုမာလည်းရပြီးပြီ။အသက်မွေးဝမ်းကျောင်းပညာဘွဲ့ကတော့ ဒီဇိုင်နာဘွဲ့ရခဲ့တာ။

ငါတခါမှ ခြေမချဘူးတဲ့ Korea ဆိုတဲ့နိုင်ငံကြီးကို ငါအခုပထမဆုံးလာခဲ့တယ်။အကြောင်းကတော့ အဖေပေါ့...

အဖေကငါ့ကို ဒီနိုင်ငံကိုခေါ်လာပေးခဲ့တာ။ငါ့လို နိုင်ငံကျော်စာရေးဆရာတယောက်အတွက်ဒီနိုင်ငံကအများကြီး အထောက်အကူပြုစေနိုင်တယ်တဲ့လေ။

Korea ဆိုတော့ ငါ့ရဲ့‌ချစ်သော..ကိုငါသတိရမိသွားတယ်။သူ‌မ‌အဆင်ပြေ‌နေရဲ့လား။ငါမွေးပေးခဲ့တဲ့ကလေးကိုတော့ ငါသတိမရမိဘူး။ငါနဲ့မဆိုင်သလို ငါ့မှတ်ဉာဏ်ထဲမှာလည်းအမှတ်တရသိမ်းမထားခဲ့ဘူး...ဒါပေမယ့် ငါအခုလိုသတိမရကြောင်းဘာကြောင့်ထုတ်ပြောမိမှန်းမသိဘူး။

ဒီနေ့ အဖေကသူ့ရဲ့ဒီဇိုင်းကုမ္ပဏီရဲ့ဖက်စပ်အကျိုးတူကုမ္ပဏီ နဲ့လာရောက်တွေ့ဆုံခဲ့တာ။ငါကတော့ အဖေ့ကုမ္ပဏီရဲ့ Limited Edition Designer တယောက်...

တလမှာတစ်ခါသာ ငါ့ဒီဇိုင်းတွေကိုပေးပို့ခဲ့တယ်။အာ့တာကလည်း Limited Edition ....

အခုအဖေက တွေ့ဆုံပွဲသွားတော့ ငါလည်း ကုန်တိုက်ဘက်ထွက်လာလိုက်တယ်။အဖေကဒီကုန်တိုက်ကို ငါ့အပိုင်အဖြစ်မနေ့ကမှပေးခဲ့တာ အရင်ကတော့ အဖေ့အပိုင်ပေါ့...

အတွေးတို့နယ်ချဲ့နေရင်း ငါ့ရဲ့ခြေသလုံးနားကလှုပ်ရှားမှုတခု...
ငါလည်းငုံ့ကြည့်မိတော့..

ငါ့လိုဆံပင်အနီရောင်ဆိုးထားတဲ့ကလေးလေး ...
ကိုရီးယားမှာ ဒီလိုအသက်မ‌ပြည့်သေးဘဲ ဆံပင်အရောင်ဆိုးလို့ရတာလား?
ဦးရေပြားဆိုင်ရာ ‌ပညာရှင်တွေကရော ကလေးမိဘတွေကိုအကြံမပေးကြဘူးလား...

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now