🍂Episode 25 🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.8K 143 3
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"ဂျေးတို့ကိုခွဲမသွားပါနဲ့နော် ဟင့်"

အကယ်ဒမီရှော့လေးက ချက်ချင်းမျက်ရည်တွေကျလာတော့ ငါ့မှာစိတ်ထဲမကောင်း..

"ငါ့အိမ်က အမေရိကမှာလေ
ငါကကိုရီးယားလူမျိုးမှမဟုတ်ဘဲ"

🍂 Memorial Dates 🍂
တခြံလုံးကို အစိမ်းရောင်အပင်တွေဖြင့် ညတွင်းချင်းအလှဆင်ထားလေသူ...

တကယ်ပါပဲဒီလူကတော့လေ...

"Bear"

"ဆံနီလေး"

လှည့်ကြည့်တော့ ‌ဂျွန်ဂျောင်ဂုက ဂျေးလေးကိုချီထားသည်။တကယ်ဆို ဂျေးဟာ ငါ့သားအရင်းလေး..

သို့သော် ဂျွန်ဂျောင်ဂုကသိမည်မထင်။ဒါလည်းကောင်းတာပါပဲ အိုင်းရစ်ရဲ့အရှက်ကလည်းရှိသေးတယ်လေ။

"ဆံနီလေး
ဘာတွေစဉ်းစားနေတာလဲ"

"ဒီလိုပဲ"

"ဘယ်သွားစရာရှိလဲ ကျနော်လိုက်ပို့ပေးမယ်လေ"

ဂျေးက ငါ့ဆီကိုလက်ကလေးဆန့်တန်းလေသည်။ငါလည်း ဂျွန်ဂျောင်ဂုဆီမှ လက်ပြောင်းကာ ချီလိုက်လေတော့ ငါ့ကိုသေချာဖက်တွယ်ထားသည်။ငါတို့စကားပြောသည့်အထဲတော့ဝင်မပါချေ။

ဒါကလည်း ဂျေးရဲ့ချစ်စရာကောင်းသည့်အချက်ပေလား...

"အွန်း...သွားစရာကတော့မရှိဘူး
ဂျေးကနေကောင်းပြီဆိုတော့ ငါါလည်းအိမ်ပြန်တော့..."

"အား...Bear ဂျေးဗိုက်နာလာပြီ
ဟော...ခေါင်းကရောကိုက်လာပြီ"

ဒီကလေးမာယာများလိုက်လေခြင်းရယ်...ဒါသက်သက်ငါ့ကို မပြန်စေချင်လို့ ကူလီကူမာလုပ်နေတာ ငါသိတာပေါ့...

"အား...နာလာပြီ
Bear ရေ ဂျေးနေမကောင်းသေးဘူး"

"ဟ ဟ"

ဂျေး၏စကားကြောင့် ဆံနီလေးက သဘောတကျရယ်သည်။ဆံနီလေး၏အပြုံးတို့ကတောက်ပလျှက် လှပသည် ကဗျာဆန်သည်။

ထိုလူသားလေးကိုပိုင်ဆိုင်ချင်လှပြီ...
သို့သော်...
ဘယ်လိုကြံရပါ့...

"ညာနေတာမလား"

"အာ ...တကယ်ပါဆို
Bear ကလည်း"

"ငါ့အိမ်တော့ငါပြန်သင့်တာပေါ့
ငါလည်း မနက်ဖြန်အမေရိကပြန်တော့မလို့"

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now