🍂Episode 19🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.7K 150 8
                                    

ᑌᑎIᑕOᗪᗴ 🍂

"ငါတယ်..ပြာကလပ်စိန်ဖြစ်နေတယ်
မျက်စိနောက်တယ်"

"ဟာ..ဆရာဝန်လိုသရုပ်ဆောင်စမ်းပါကွာ လုပ်စမ်းပါ"

မင်ယွန်းဂီတယောက်စိတ်ပျက်လက်ပျက်ဖြင့် ရှုံ့မဲ့ပြလိုက်သည်။

🍂 Memorial Dates 🍂

ကုတင်ပေါ်တွင်မှိန်းနေသောကလေး...
မတွေ့ရသည့် 1 ပါတ်အတွင်း အတော်လေးချောင်ကျသွားသလိုလို....

"ကလေး"

"ဟင်း..ဟင်း...အင်း"

နဖူးပေါ်စမ်းကြည့်တော့ ကိုယ်တွေအတော်ပူနေတာပဲ...

"ရေပါတ်တိုက်မပေးထားဘူးလား"

"ဟင်"

"ကျစ်...
ဘာမှလည်း မလုပ်တတ်ဘူးလား"

"ဟို..."

တဟင်ဟင်...တဟိုဟို ဖြစ်နေသော ဂျွန်ဂျောင်ဂု...ကလေးအားဘာမျှလုပ်မပေးထားဘူးလားမသိ...

"ကျစ်...
ရေဇလုံနဲ့ တပါတ်တထည်ယူလာခဲ့ပေး
ရေပါတ်တိုက်ပေးရအောင်"

"အာ...ဟုတ်ပြီ ဆန်နီလေး"

‌ဂျွန်ဂျောင်ဂုလည်း ရေချိုးခန်းတံခါးဖွင့်ကာ ဆံနီလေးမှာတာတွေကို လုပ်ပေးလိုက်သည်။

ရေဇလုံနှင့် တဘတ်တထည်ကိုကိုင်ကာ ငါ့အရှေ့လာပေးသူ...

ငါလည်း တပါတ်ကိုရေဇလုံထဲနှစ်ကာ ရေစင်အောင်ညှစ်လိုက်၍ ကလေးနဖူးပေါ်တင်ပေးလိုက်သည်။တခဏချင်းပင် တပါတ်ကခြောက်သွားလေသည်။အတော်လေးကိုယ်ပူကြီးနေတာပဲ...

"ဂျွန်ဂျောင်ဂု"

ဂျွန်ဂျောင်ဂုက ဆံနီလေး၏ လှုပ်ရှားမှုတွေက တခုမကျန်လိုက်ကြည့်နေရင်း နာမည်ခေါ်သံကြောင့်ထူးလိုက်လေသည်။တဆက်တည်း ဂျွန်ဂျောင်ဂုမျက်နှာသို့ ဘေးတိုက်လှည့်ကြည့်သလိုဖြစ်နေသောဆံနီလေး..

"ခင်ဗျာ"

"ဆရာဝန်ခေါ်ပေး
မိသားစုဆရာဝန်ရှိတယ်မလား ဆေးထိုးမှဖြစ်မှာ"

ထိုအခါ စောင်ပုံကြားမှ မျက်လုံးမှိတ်နေသော ဂျေးက မျက်လုံးတဖက်ဖွင့်ကာ ဂျွန်ဂျောင်ဂုကိုကြည့်သည်။

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now