🍂Episode 9🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.8K 154 16
                                    


ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"Bear
ဘာတွေစဉ်းစားနေတာလဲ"

"ဟင်"

"Morning Kiss လို့"

"အော်...
အင်း...မွ "

"ဟီး...Bear
ကအကောင်းဆုံး"

"အပိုတွေပါ"

🍂 Memorial Dates 🍂

V တယောက်ယမန်ညက စောစောအိပ်စက်မှုကြောင့် မနက်5နာရီထိုးတော့နိုးလေပြီ။ထပြီးစာရေးတော့မည်ကြံလိုက်တော့ ခါးအထက်မှလေးလံမှုပိစိလေးနှင့် လည်ပင်းထက်မှရစ်သိုင်းမှု‌တို့ကြောင့် ရင်ဘတ်နားကကိုကြည့်မိလိုက်သည်။

ပါးစပ်ကလေးအနည်းငယ်ဟကာ နှစ်ခြိုက်စွာအိပ်ပျော်နေသော ကလေးငယ်...

ပါးဖောင်းဖောင်းလေးတွေက ခပ်ရဲရဲလေး...
အနီရောင် ဆံနွယ်လေးတွေက မျက်နှာသေးသေးလေးပေါ်ဝဲကျနေလေသည်...သို့သော်ခပ်ကောက်ကောက်လေးတွေ...
ငါလက်နဲ့အသာသပ်ပြီးတင်ပေးမိတယ်...
ကလေးငယ်လေးက လှုပ်တောင်မလှုပ် အိပ်နေသည်မှာ နှစ်ခြိုက်စွာ...

နှုတ်ခမ်းဖူးဖူးလေးတွေက အနီရောင်လေးသန်းနေလေသည်။
ငါ ကိုယ့်ဆံပင်ကိုယ် ကိုင်လျက်ကလေးခေါင်းလေးကိုပါ ခပ်အုပ်အုပ်ကိုင်ထားမိသည်။

ရင်ခွင်ထဲက  ကလေးဟာ ငါ့ကလေးလေးဆိုသည့်အသိက ငါ့ရင်ဘတ်ထဲနားကျင်စေသည်။ဘယ်လောက်ပဲမေ့ထားပါသည်ပြောပြော သွေးသားဆိုတော့ ငါနည်းနည်းဂရုဏာသက်မိသည်။

တချိန်ထဲမှာပဲ အိုင်းရစ် ကိုသတိရမိလေသည်။အချိန်တွေကြာတော့ မေ့နိုင်ခဲ့ပြီထင်ထားတာ အဆင်မပြေသေးသလို နေသားမကျသေးဘူး။ခံစားချက်ကအခုထိ ရှိနေတုန်းပဲ....

ကလေးကိုယ်လုံးလေးကိုအသာလေးရင်ခွင်ထဲထုတ်ကာ ငါလည်းစာရေးရန်ပြင်လိုက်သည်။ဒီ၂ရက်အတွင်း အတွေးတွေများနေတာနှင့် ငါလည်းစာဘက်ကောင်းကောင်းမလှည့်နိုင်ခဲ့ဘူးမဟုတ်လား?

အိပ်ယာ‌ ပေါ်ကအသာထသွားကာ မျက်နှာသန့်စင်ပြီး ကော်ဖီတခွက်ဆင်းဖျော်လိုက်သည်။က‌လေးအတွက်လည်း သင့်တော်မည့်မနက်စာကိုပြင်ထားခဲ့လိုက်သည်။

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now