🍂Episode 13🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.7K 145 1
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"ရှင့် ယောကျာ်းဘယ်သွားလဲ"

"ဂျေးကို အမေတို့‌ဆီသွားခေါ်တယ်ရယ်"

"အော်...
ရှင့်ယောကျာ်းခုတလောခြေလှမ်းတွေပျက်မနေဘူးလား"

"ဘယ်လို"

🍂 Memorial Dates 🍂

"ပြန်လာပြီလားမောင်"

"........"

ပြန်ဖြေသံမကြားသော မောင် ကတခုခုကို စိတ်ရောက်နေဟန်...

"မောင်"

"ဟင်"

မိုနာအိုင်းရစ် ကအသံမြှင့်ကာခေါ်လိုက်လေမှ အိုင်းရစ်ကိုကြည့်ကာ အလန့်တကြားထူးလာသည်။နှုတ်ခမ်းကိုကြည့်မိတော့ သွေးစအချို့ကခြောက်နေလေသည်။အိုင်းရစ် အထင် နှုတ်ခမ်းကွဲသွားသည်ပင်ဖြစ်မည်။

"သားရော"

"ဟင်...
မောင်ပဲ မနက်ကမောင့်အမေတို့ဆီသွားပို့တာမဟုတ်လား ပြန်ခေါ်မလာဘူးလား"

"အာ...
မေ့နေတာ "

"ဟင်...
ဘယ်လို...
ပြီးတော့နှုတ်ခမ်းကဒဏ်ရာကရော ဘယ်လိုဖြစ်တာလဲ မောင်ရယ် သွေးတွေနဲ့"

"အာ..."

ဟုတ်တာပေါ့...
မနက်ကဆံနီလေးနဲ့တွေ့ပြီးကတည်းက စိတ်တွေရှုပ်နေလို့ ကုမ္ပဏီတောင်မသွားဘဲ ကွန်ဒိုကိုသွားငိုင်နေမိတာ...

နှုတ်ခမ်းက ဆံနီလေးပေးတဲ့ ဒဏ်ရာကိုတောင်ရေမဆေးနိုင်ဘဲထားခဲ့လိုက်တယ်။ဆံနီလေး ပေးတဲ့အရာရာတိုင်းကို ကျနော်သဘောကျတယ်လေ ပျောက်ပျက်မသွားစေချင်ဘူး...ပီးတော့  ဒီဒဏ်ရာက ဆံနီလေး ကျ‌နော့ကိုပေးတဲ့ ပထမဆုံးအမှတ်အသားမဟုတ်လား?

ပြီးတော့...
ဆံနီလေးရဲ့ အိစက်စက်နှုတ်ခမ်းလွှာကိုထိကပ်ခဲ့ရသည်။တခါမှ မခံစားဖူးသည့်ခံစားချက်မျိုးကို ရရှိခဲ့သည်။

အိုင်းရစ်နဲ့တုန်းကအာ့သလိုမဟုတ်...
ငယ်တုန်းမို့စိတ်ကစားခဲ့သည်ထင်...
ရင်ခုန်ခြင်းမရှိတာတော့ဝန်ခံပါရစေ။

ဆံနီလေးနဲ့ကျတော့မတူ...
အရင်ဆုံးရင်ခုန်မိသည်ပင်....

ချစ်လား?
ဆိုတော့ ကျနော်မသိဘူး။
ဆံနီလေးမျက်နှာမြင်ရရင် ကျနော်ကပျော်နေရော...
ဆံနီလေးကိုကာကွယ်ပေးချင်မိတယ်။ဘာရယ်ကြောင့်လဲတော့ ကျ‌နော်အဖြေရှာမရသေး..

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now