🍂Episode 6🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.9K 162 13
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂🍂

"ဒီကလေးက"

Mr.ဒန်နီရယ် က ဂျေးနူကို ကြည့်ကာမေးသည်။

"မြေးလေးပါ ဂျွန်ဂျေးနူ လေ"

"ဘေဘီကို မြင်တော့ V လေးငယ်ငယ်က ပုံစံလေးတောင်မြင်ယောင်မိတယ်"

"ဟုတ်ပ့ ဒါလင်ရယ်...
V လေးလည်းဒီလိုဆံပင်အနီရောင်လေးမဟုတ်လား"

"ဗျာ"

အာမေဍိတ်အသံက ဂျွန်ဂျောင်ဂုဆီက...

🍂 Memorial Dates 🍂

Jeon မိသားစုပိုင်ဟော်တယ်တခု၏နေ့လည်ခင်းတွင်ဖြစ်သည်။

"အမေရာ ဘာလို့ အိုင်းရစ် ကိုပါခေါ်လာလို့မရတာလဲ သူကကျနော့်ဇနီးပဲလေ
တနည်းအားဖြင့် သူလည်းမိသားစုဝင်တယောက်ပဲလေ..."

"တော်တော့သား...
အမေအာ့မိန်းမကို သဘောမတွေ့တာ သားအသိနော်ဂျွန်ဂျောင်ဂု"

အမေ့မျက်ဝန်းတွေကစိတ်ဆိုးနေတယ်ဆိုတာသိသာလွန်းသည်။ကျနော်လည်း အမေ့ကိုထပ်ပြီး အဒွန့်မတက်ရဲတော့...

"မကြာခင်ဧည့်သည်တွေလာတော့မှာ..
ပြီးတော့...ပြီးတော့...
ထားပါအခုက အာ့အကြောင်းတွေပြောစရာမှမလိုတော့တာ"

အမေက အဝေးတနေရာကိုဆွေးမြေ့စွာကြည့်သည်။ကျနော်အမြင်မမှားလျှင် အမေကမျက်ရည်ဝဲနေတာ...

"ဘယ်သူတွေမို့လဲအမေ"

"အမေနဲ့အဖေညားကတည်းက စီးပွားရေးစပ်တူလုပ်ခဲ့ကြတဲ့ အမေရိကန်သားမိသားစုနဲ့တွေ့ရမှာ.....
အရင်ကအမေနဲ့စကားခံတွေရှိခဲ့ဖူးတယ်ဆိုလည်းမမှားဘူးလေ အခုတော့မဖြစ်နိုင်တော့ပါဘူး"

အမေ့စကားတွေကို ကျနော်နားမလည်ပါ။အမေ့အတွေးတွေကိုလည်း လိုက်၍မမှီတော့ပေ.....

‌"ခရစ်"

"ဟုတ်ကဲ့ Mrs.Jeon"

"ကျမတို့မွေးလာတဲ့သားသမီးတွေကို တချိန်မှာလက်ထပ်ပေးချင်တယ်"

"ဟ ဟ ယောကျာ်းလေးတွေဖြစ်နေကြရင်ရော"

"ဘာအစမ်းလဲ
ကျမကတော့လက်ခံနိုင်တယ်"

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now