🍂Episode 16🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.8K 152 12
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"တကယ်တော့ ဂျေးရဲ့ပါပါးက"

"မပြောနဲ့ ငါမသိချင်တော့ဘူး
အရင်ကသိချင်ပေမယ့် အခုဆံနီလေးက ဂျေးရဲ့ပါပါးဖြစ်သွားပြီ။အဖေအရင်းကဘယ်သူဖြစ်ဖြစ် ငါမသိချင်တော့ဘူး"

"ဒါပေမယ့် ဂျေးရဲ့ပါပါးက"

"မသိချင်ဘူး မိုနာအိုင်းရစ်
ငါ့ဘဝမှာ ဆံနီလေး ကအရေးကြီးဆုံးဖြစ်သွားပြီ"

🍂 Memorial Dates 🍂

ကလေးချီပြီးပြန်လာတော့ ဘာလို့မသိချင်ယောင်ဆောင်ထားခဲ့တာလဲသိလား?

သူမဘယ်လိုပြုမူမလဲသိချင်လို့...
အမေ့ကစစ်ခိုင်းသလိုနဲ့ DNA စစ်ခိုင်းတာကလည်းကျနော်ပဲ။အာ့နေ့ကသူမမသိအောင်ပါစစ်ခဲ့သေးတယ်။တကယ်ပဲ ဂျေးကသူမသွေးသားမဟုတ်ဘူး။ဆရာဝန်ရဲ့ပြောပြချက်အရ ဂျေးဟာ ယောကျာ်းတယောက်ကမွေးထားတဲ့ထူးခြားဖြစ်စဉ်တဲ့လေ။

အာ့စကားကိုကြားတော့ ကျနော်အတော်လေးအံ့ဩသွားတာ...ဘယ်လိုလုပ်ယောကျာ်းတယောက်က ကျနော့‌ သွေးသားကိုမွေးပေးလိုက်ရသနည်း။

ပိုက်ဆံများလိုအပ်လို့လား?
တကယ်လို့ အငှားကိုယ်ဝန်ဆောင်ခိုင်းလည်း မိန်းမတယောက်ကိုပဲဆောင်ခိုင်းရမှာမလား?
အခုကဘယ်လိုရီးတုန်း...

အစပိုင်းကျနော် DNA စစ်ပြီးပြီးချင်း သူမကိုနှင်ထုတ်မလို့ လက်လည်းမထပ်ကသေးဘူးလေ DNA အရင်စစ်လိုက်တာ။

ဒါပေမယ့် ကျနော့သွေးသားကို ဝမ်းနဲ့လွယ်ပြီး အသက်ကိုတောင်မမှု မွေးပေးခဲ့သည့် ကလေးအဖေကိုကျနော်သိချင် စုံစမ်းချင်တာကြောင့် သူမကိုအနုနည်းနဲ့လှည့်စားခဲ့တာ။

သူမကတော့ သူမလုပ်ရပ်တွေကိုကျနာ်မသိဘူးလို့ထင်နေရှာတာ။ယောကျာ်းပဲဗျာ အာသာဖြေချင်တဲ့အချိန်ဖြေမှာပဲ ပြီးတော့သူမကကိုယ်ဝန်မရနိုင်တော့ ပိုလို့တောင်အဆင်ပြေသွားတာပေါ့...ကျနော့်ကိုလိမ်ချင်တဲ့သူက အာ့လိုခံရတာအားနာစရာမှမဟုတ်တာ။

ဒါပေမယ့်ကျနော် ဆင်ခြင်တယ်။
၁လတောင်တခါသူမနဲ့အတူမနေဘူး။ဂျေးကိုငယ်ငယ်ကတည်းကအလယ်မှာထားအိပ်တာ....အခုညမှဂျေးက အခန်းခွဲအိပ်မယ်ပြောတာ။

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now