🍂Episode 11🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.9K 147 18
                                    


ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

ဘောက်ဆတ်ဆတ်နှင့်ပြော၍ မျက်မှန်ကိုချွတ်လိုက်သူကြောင့် ဂျွန်ဂျောင်ဂု ယခုမှမှတ်မိသွားသည်။

"ဟန်နီ"

ဂျောင်ဂု၏ တီးတိုးရေရွတ်သံကို ပတ်ခ်ဂျီမင်ရေးရေးလားကြားလိုက်ရသည် *ဟန်နီ*ဆိုလားပဲ...

"ဘာပြောတာ ကလေးအဖေ"

"အို...ဘာမှမဟုတ်ပါဘူး
ကောင်းကောင်းပြန်ပါဗျ"

🍂 Memorial Dates 🍂

*ဟဲ့ ချောလိုက်ကြတာနော် လုံးဝငါ့ type*

*ကမရယ် လာမလုနဲ့နော် ဆံပင်အနီရောင်နဲ့ငွေမှင်ရောင်မျက်လုံးအိမ်တွေက ငါ့အတွက်ပဲမွေးဖွားလာတာ*

*အမလေး ဒါဆိုဟိုဘက်က All Black နဲ့ဘောစိပေါက်စကငါ့အတွက်‌ပါနော်*

*တတ်တယ် ကမရယ်
မပြောသေးဘူးကြည့်နေဦးမယ် နော် အဟင်း*

*အေး ..
အာ့မှာဘူးနေလိုက်*

*တို့ကမွေးရာပါဘူးတာနော်
ပြောစရာကိုမလိုတာ*

*အဆင်တွေအကုန် ငါ့လင်ပဲ
တပြားမှမလျော့နိုင်ဘူး ဗက်ဟတ်ဟတ်*

*သူဌေးသားလေးရဲ့ အသိတွေလားမသိဘူး အဟိ အမြဲတို့ ကုမ္ပဏီကိုလာရင်ကောင်းမယ်*

*အားဆေးလေးတွေ မျက်စိအစာကျွေးရမယ် ဟီး*

"ဟ...
သူဌေးဆူဦးမယ်  အလုပ်ပြန်လုပ်ကြတော့"

သူဌေး၏အတွင်းရေးမှူးဖြစ်သူ မင်ယွန်းဂီ မှ အမိန့်ဆန်ဆန်စကားတလုံးချင်းထွက်ကျလာသောအခါ ထိုမိန်းကလေးအုပ်စုထံမှ အသံတို့ဟာ ထပ်၍ထွက်ကျမလာတော့ချေ။

မင်ယွန်းဂီ ဆိုသူမှာ သူဌေး၏အတွင်းရေးမှူးလည်း ဖြစ်သလို သူဌေး၏သူငယ်ချင်းညီအစ်ကို‌ တော်စပ်သူလည်းဖြစ်ပေသည်။သူဌေးကိုကြောက်ရသလို အတွင်းရေးမှူးမင်ယွန်းဂီကိုလည်းကြောက်ရသည်။

မင်ယွန်းဂီဆိုသူမှာ စီးပွားရေးမရှိ၍ အတွင်းရေးမှူးလုပ်နေသူတော့မဟုတ်။
Min Group ၏အမွေဆက်ခံသူ တစ်ယောက်ဖြစ်လင့်ကစား  လက်ဖျားငွေသီးသူပင်။

သို့သော် ဂျွန်ဂျောင်ဂု၏အတွင်းရေးမှူးဘာ့ကြောင့်ဖြစ်ရသည်လည်းဆိုတော့ ငယ်သူငယ်ချင်းအရင်းလည်းဖြစ် ညီအကိုဝမ်းကွဲလည်းတော်စပ်သူဖြစ်သောကြောင့်‌ပင်။

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now